Part-1

13.9K 1.1K 120
                                    

(Unicode)

အထက်တန်းကျောင်းသားဘဝ၏ နောက်ဆုံးစာသင်နှစ်လေး။
ထိုနှစ်လေးအတွင်းမှာပင် ကျောင်းပြောင်းလာ
သည့် ကျောင်းသူကျောင်းသားတွေကအများအပြားပင်။
ဒီနှစ်မှာတော့တက္ကသိုလ်ဝင်ခွင့်ဖြေနိုင်ဖို့အတွက်သာကြိုးစားနေရသည်။

စက်ဘီးလေးရပ်သွားသည်နှင့်တပြိုင်တည်း
လွယ်အိတ်ကို ပင့်တင့်ရင်းစက်ဘီးကိုတွန်းကာ
တက်ကြွသည့် ခြေလှမ်းတို့ဖြင့်ကျောင်းဝင်းအတွင်းဝင်လာသည်။

ကျောင်းသားဟောင်းတစ်ဦးအတွက်ကတော့
နေ့ရက်တိုင်းက တူညီနေလေသည်။
ပိုဆိုးသည်က ရုပ်ဆိုးလေးလို့ ကျောင်းကကျောင်းသား၊ကျောင်းသူတွေကြား နာမည်ကြီးနေသည်လေ။

နာမည်ကောင်းတော့မဟုတ်ဘူးပေါ့။
ကျနော့်ကိုဘဲရုပ်ဆိုးတဲ့လေ။
လူတွေကလည်း သူများသားသမီးကိုဆို အပြစ်ပဲပြောချင်နေတာ။

ဟွန့် ကင်မ်ထယ်ယောင်းတို့ကမပြင်မဆင်တတ်သေးလို့ပါနော်။သေချာပြင်ဆင်လိုက်ရင် ရှယ်ဖြစ်သွားမှာ။ကျောင်းက King ထက်တောင်ပိုချောသွားမှာ။

Taehyung စက်ဘီးထားသည့်နေရာတွင်ခရမ်း
ရောင်စက်ဘီးလေးကို ရပ်ကာသော့ခတ်နေလေသည်။

မျက်မှန်မထူမပါးကို တပ်ထားကာ ဆံပင်အုပ်အုပ်လုံးလုံးလေးနှင့်ပင်။
သွားထိန်းတို့ကို တပ်ထားသည့်အပြင် ကုပ်ချောင်းချောင်းလေးဖြစ်နေသည့်သူ့ကို ကျောင်းသားတွေကအစ နှာခေါင်းရှုံ့အပြစ်တင်ကြသည်။

သူငယ်ချင်းလည်းတစ်ယောက်မှမရှိ။
ရုပ်ဆိုးရင် အပေါင်းအသင်းလည်း ရှားတာပဲလို့ ကျနော်ထင်သည်။
ကဲပါလေအဲ့အရာတွေက ကျနော့်အတွက်လိုလည်းမလိုအပ်သလို။စာကသာအဓိကလေ။

အမှတ်ကောင်းကောင်းရမှ ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကိုတက်ရမည်။

ကျနော့်ရည်မှန်းချက်ကတော့ ပျောက်နေတုန်းပဲ။
သူများတွေလို ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ လိုဆိုပြီး မျှော်လင့်ချက်မထားခဲ့။

အမှတ်ကောင်းရရင် ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ အလုပ်လျှောက်မည်။
ရတဲ့လစာလေးနဲ့ တိုက်ခန်းကောင်းကောင်းလေးတစ်ခုဝယ်မည်။

ဂယက်အပေါင်းနှင့် ကင်မ်ထယ်ယောင်း(Completed) Onde histórias criam vida. Descubra agora