▪ Owned by Kim ▪

1.3K 123 63
                                    

Uni

ခပ်ထေ့ထေ့ပြုံးတတ်တဲ့ ထူမို့မို့ချယ်ရီရောင် နှုတ်ခမ်းတွေက စီးကရက်ရဲ့ အငွေ့အသက်တွေ ထင်ဟပ်နေပေမဲ့
သူ့အတွက် အမြဲရစ်မူးစေပြီးပျော်၀င်မိစေတဲ့ ရပ်၀န်းတစ်ခု။

'တခြားအကြောင်းအရာတွေကို ငါစိတ်မ၀င်စားဘူး၊ငါသိတာက မင်းက ငါ့အပိုင်ပဲ Guk'

Guk တဲ့၊စတွေ့ထဲက မိတ်ဆက်ပေးမိတဲ့နာမည်တစ်ခုက J ဆို
ပေမဲ့ သူခေါ်တာကတော့ Guk တဲ့...။ဆန်းပြားခြင်းတွေကို
မကြိုက်ပေမဲ့ သူတစ်ယောက်တည်းအတွက်သာပေါ့။

~ Owned by Kim ~

လိုင်စင်ရပြီးသားသူတွေများပြီးဆိုင်ကယ်တွေနဲ့ သွားနေကြတဲ့ ဒီမြို့နယ်လေးက အများစုလူတွေကြား လိုင်စင်လည်းမရသေးသလို ရိုးရိုးဆိုင်ကယ်လေးကိုသာ ကျွမ်းကျွမ်းကျင်ကျင်မောင်းရဲသေးတဲ့ သူ့အတွက်တော့ လတ်တလောနေရာမရှိသေးတာမို့ လက်ရှိက 2000 ကာလပေမဲ့ Vintage ဆိုင်ကရလာတဲ့ 1970 ၀န်းကျင်ကစာအုပ်တွေသာ ထိုင်ဖတ်နေမိတာ အကျင့်တစ်ခု၊ကိုယ့်မွေးရပ်မြေ မဟုတ်ပေမဲ့ အီတလီရဲ့ အငွေ့အသက်တွေကို အကြောင်းပြချက်ရယ်မရှိ သဘောကျမိသည်။

'Hey...J၊ဒီနေ့အတွက် ဘာအစီအစဥ်ရှိလဲ´

"ဒီနေ့တော့ ဘာမှ အထွေအထူးမရှိသေးပါဘူး Loren"

'ပျင်းဖို့ကောင်းပေမဲ့ပေါ့ မင်းနေနေတဲ့ပုံစံက ပန်းချီဆရာတစ်ယောက်ပုံစံနဲ့ ကိုက်ညီနေတာမို့ တည်ငြိမ်နေပြီး မဆိုးပါဘူး၊မင်းရဲ့ အီတလီအသံထွက်က တစ်လေသံတည်းလိုပဲ ကောင်းလာတယ်´

"ကျေးဇူးပဲ Loren"

'မင်း Iris Kim ကိုသိလား´

"မိန်းကလေး တစ်ယောက်လား"

'သူက ယောကျာ်းလေးပါပဲ၊ငါ့အတွက်တော့ သူက နတ်ဘုရားတစ်ပါးလိုပဲ´

"ဟာသတစ်ခုတော့မဟုတ်ဘူးထင်တယ်"

'ဒါပေါ့၊မင်း သူ့ကို မြင်ရင် သိရပါလိမ့်မယ်၊ဒါပေမဲ့ သူက တွေ့ရဖို့ခဲတယ်၊အခုငါသွားတော့မှာမို့ ကံကောင်းပါစေ J´

'မင်းရောပဲ Loren´

Loren က သူ အီတလီကို စရောက်ပြီးပြီးချင်း ဒီ Florence မှာတိုက်ခန်းရှာတော့ Loren က သူ့ခြံက ကျယ်နေတာမို့ လခကို အဆင်ပြေသလို ပေးခိုင်းပြီး ငှားပေးလာရင်း ခင်တဲ့ပထမဆုံးသော သူငယ်ချင်းပင်။ကိုရီးယားစကားကိုရော အင်္ဂလိပ်စာပါအပြင် ပြင်သစ်စကားပါ ကျွမ်းနေတဲ့ အီတလီလူမျိုးမို့ သူ့အတွက် ဘာသာစကားလေ့ကျင့်ဖို့ရော အင်္ဂလိပ်လို ​တိုက်ရိုက်ပြောဆိုနိုင်ဖို့ရော Loren ရှိနေတာက ပြီးပြည့်စုံခြင်းပင်။Loren က အရပ်မြင့်မြင့်၊အသားည်ိုညိုမျက်ခုံးနက်နက်တွေနဲ့ တော်တော်ကိုကြည့်ကောင်းသည်။

Lastingly You and Me Where stories live. Discover now