▪ Indifference ▪

578 53 8
                                    

Uni

နောက်ဆုံးပေါ် BMW Motorcycle က လီဗာတစ်ချက်နင်းလိုက်ချိန်တိုင်းမှာ ဘယ်လောက်အတိုင်းအတာထိကောင်းပါတယ်ဆိုတာ အသံထွက်နှုန်းနဲ့တင်သက်သေပြသည်။အမျိုးမျိုးသော အော်ဟစ်အားပေးသံတွေအကြားအခုသူရောက်နေတာက တရားမ၀င် ပြိုင်ကွင်းနေရာပင်။ပွဲစဉ်အစုံကို ပြိုင်ခဲ့ဖူးပေမဲ့ အခုလို အ၀င်အထွက်အစ တင်းကြပ်စီစစ်ထားပြီး ကောင်းပေ့ဆိုတဲ့ နောက်ဆုံးပေါ် BMW အလှလေးတွေကိုသာတွေ့မြင်နိုင်တဲ့ တစ်ခုတည်းသောနေရာဘုံဗိမာန်တစ်ခုပင်အလား။

"Hey!God...ဒီနေ့ဘယ်လိုလဲ"

ပွဲစဉ်တိုင်းမှာ အနိုင်ရခဲ့တဲ့အပြင်သူ့ရဲ့ယောက်ျားဆန်ဆန်တင့်တယ်တဲ့ အသွင်အပြင်၊ဒါမှမဟုတ် အလှလို့ပင်ပြောရမည်လား၊မက်မောကြသည်မှာ သူ့လို ယောကျာ်းသားတွေပါ အပါအ၀င်မလို့သူဟာ သူ့ထံကျရှုံးမိသူတိုင်းအတွက် နတ်ဘုရားတစ်ပါးလို့ပင်သမုတ်ခံရသေးသည်။

"ငါ့ရဲ့အလှလေးပွဲဦးထွက်မှာမလို့ထင်တယ်၊
စိတ်ထဲနေလို့ကောင်းနေတယ်"

ဒေါ်လာနှစ်သောင်းခန့်ရှိတဲ့ သူ့ရဲ့ပြောင်တင်းနေတဲ့ ဆိုင်ကယ်အသစ်
စက်စက်လေးရဲ့ Helmet လေးကိုပွတ်ပြီး မျက်ခုံးပင့်ကာပြောမိတော့ တစ်ဖက်ကသူကရယ်ပြီး ငွေ၏ရလဒ်မည်သော အတုအပ အပြုံးကိုပြုံးသည်။ထိုလူထွက်သွားတော့မှ သူ့အနားကိုလာရပ်ပြီး ခါးကိုဖက်လာတဲ့ရှိုက်ဖိုကြီးငယ်အလှနဲ့ ပြည့်စုံတဲ့ မိန်းမသားတစ်ယောက်၊ပွဲနဲ့ပတ်သတ်ရာပတ်သတ်ကြောင်းတွေမလို့အလိုက်သင့်ဆက်ဆံပြီး သူ(မ)ဘက်က နမ်းဟန်ပြုလာချိန်မှာမရည်ရွယ်ပေမဲ့ ရှောင်ဖယ်မိသားအခြေအနေမှာ ရှက်ရွံ့ဟန်ပြလာတဲ့အကြည့်တွေအပေါ်လည်း အားနာစိတ်မ၀င်မိ။သူကသူမကြိုက်တဲ့အရာကို မိဘကလုပ်လာရင်တောင်လက်မခံတတ်တဲ့သူမလို့သူစိမ်းတစ်ယောက်ဆိုရင်တော့ သူ့အပေါ်ဘယ်လိုသက်ရောက်မှုမျိုးမှ ရှိမလာနိုင်။

"sorry!ငါက ဒီလိုမျိုးတွေ မကြိုက်တတ်လို့"

သူ(မ)ထွက်သွားတော့မှ မျက်လုံးကစားမိတော့ လူရှင်းလွန်းတဲ့ နားနေခန်းတွေကြားမှာ သူလိုချင်တဲ့ Limited Edition တွေကိုမှ အလှဆင်ထားတဲ့ နက်မှောင်နေတဲ့ BMW တစ်စီးကြောင့် ကိုယ်တိုင်တောင်မသိလိုက်ဘဲ သွားကြည့်နေမိတာက မိနစ်အပိုင်းအခြားတစ်ခုအထိ။

You've reached the end of published parts.

⏰ Last updated: Feb 05, 2023 ⏰

Add this story to your Library to get notified about new parts!

Lastingly You and Me Where stories live. Discover now