▪ Me After You ▪

720 76 7
                                    

Uni

မိုးအေးအေးနဲ့ကော်ဖီလေးသောက်ပြီးငြိမ်နေချင်မိသော်လည်းအခုမှဘူဆန်ရုံးခွဲအသေးလေးကို ကိုယ်ပိုင်စပြီးခွဲထောင်သည်မို့ အလုပ်တွေက ရင်းနှီးမြှုပ်နှံမှုအပိုင်းကိုသေချာလေးစီစဥ်နေရသည်မို့ အလုပ်ကများသည်ဆိုတာထက်ကိုပိုများသည်။တနေကုန်အလုပ်ထဲမှာပဲရှိနေသည်မို့အပြင်ထွက်ပြီးလေကောင်းလေသန့်ရအောင်လမ်းလျှောက်နေမိတော့ရုန်းရင်းဆန်ခတ်နဲ့စူးစူးလေးထွက်လာတဲ့အသံကြောင့် ​ကြည့်မိတော့ သူကိုယ်တိုင် ခန့်ထားတဲ့ လုံခြုံရေးတွေနဲ့သက်လတ်ပိုင်းကောင်လေးတစ်ယောက်။

"ဒီမှာ အစ်ကိုကြီးတို့၊ကျွန်တော်မလုပ်ပါဘူးဆိုတာကိုလွှတ်ပေးပါဗျာ"

'ဘာဖြစ်လာကြတာလဲ အစ်ကို'

'ဒီကောင်လေးလေ၊သူ့လှည်းနဲ့ ရုံးရှေ့က ပန်းအိုးကို၀င်တိုက်လိုက်တာ၊အတန်းလိုက်ကြီး ကွဲကျကုန်ပြီ'

"တမင်လုပ်တာမဟုတ်ပါဘူး၊ကျွန်တော်က တစ်နေ့လုပ်တစ်နေ့စားလေဗျာ၊၀တ္တရားနှောင့်ယှက်မှုနဲ့အဖမ်းခံရတဲ့အထိဘာလို့၀င်တိုက်ရမှာလဲ"

'တကယ်ပဲ မလုပ်ဘူးလား ကောင်လေး'

ဆော့ဂျင်အရှေ့ကကောင်လေးကိုသေချာကြည့်ပြီးမေးတော့တကယ်သူမလုပ်ပါဘူးဆိုတဲ့ ပုံစံနဲ့ ကြည့်လာသည်မို့လုံခြုံရေးအစ်ကိုတို့ကို သွားခိုင်းလိုက်ပြီးအပြင်ဘက်ကကွဲသွားတဲ့ ပန်းအိုးတွေအနေအထားကိုကောင်လေးကိုပါခေါ်ပြီးထွက်ကြည့်မိသည်။တစ်စစီကိုကျကွဲနေတဲ့ ပန်းအိုးတွေကသူလိုချင်လို့ကိုအော်ဒါတင်ထားရတဲ့အလှအိုးတွေပင်။

'တော်တော်ဆိုးသွားတာပဲ၊ဒါကရောမင်းရဲ့လှည်းလား'

"ဟုတ်တယ် အစ်ကို"

ရေညှိထမင်းလိပ်နဲ့ ငါးပေါင်မုန့်လေးတွေ၊နောက်ပြီးကော်ဖီနဲ့ရိုးရာလက်ဖက်ရည်လေးတွေပါအစုံအစီတင်ထားတဲ့လှည်းကြီးကြီးလေးနဲ့မုန့်တွေကလတ်ဆတ်လောက်မဲ့အပြင် သေသေသပ်
သပ်ပင်။ကောင်လေးကိုကြည့်မိတော့လည်းမျက်လုံး၀ိုင်း၀ိုင်းတွေ၊နောက်ပြီး နို့နှစ်ရောင်လိုအသားအရေနဲ့မို့ဒါကပင်ပန်းတဲ့အလုပ်တွေကိုလုပ်နေရတဲ့သူတစ်ယောက်နဲ့ပင်မသက်ဆိုင်သည့်ရုပ်ရည်မျိုးသာ။

Lastingly You and Me Where stories live. Discover now