Uni
~ ~ ~ ဒိုင်ယာရီစာအုပ်လေးကို ချစ်ရသူရဲ့
အကြောင်းတွေနဲ့ပြည့်နေတဲ့ စာမျက်နှာလေးတွေအဖြစ်
စတင်ရေးသားခြင်း။။။ ~ ~ ~{~}{~}
"ဒီတိုင်းဆို လမ်းဆင်းလျှောက်ရတော့မှာပေါ့"
ကားပေါ်ကနေ အပြင်ဘက်ကိုလှမ်းကြည့်ပြီး ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ကားနဲ့လည်းဆက်သွားလို့ကမဖြစ်တော့ မိုးဦး၀င်ခါစဆိုပေမဲ့ နယ်ရွာလေးမို့ ဆည်မြောင်းတွေကနေ ရေကိုသွယ်ကာ စိုက်ပျိုးရေးအတွက်သုံးရသည်မို့ရွှံ့တွေကအပြည့်ပင်။
အစောထဲက တမင်ကိုရွေးလာချင်ခဲ့တဲ့နေရာဒေသမို့သာ အပြစ်တင်ခြင်းမပြုချင်တော့ ၊ဘောင်းဘီကို ဒူးခေါင်းအထက်ထိ သေချာခေါက်တင်ပြီးတော့ ကားသမားကိုရှင်းစရာရှိတာရှင်းပေးပြီး ကင်မရာကို လည်ပင်းတွင် အကျအနဆွဲကာ လမ်းဆင်းလျှောက်ရင်း ပတ်ဝန်းကျင် အနေအထားတစ်ခုချင်းစီကို ဂျောင်ကု မှတ်တမ်းတင်နေမိသည်။
"ဒီကနေဆို ရွာလူကြီးရဲ့အိမ်ကိုဘယ်လို သွားရမလဲ"
ဓာတ်ပုံရိုက်ရင်းခရမ်းချဉ်သီးစိုက်ခင်းတွေဆီအရောက် ရွယ်တူကောင်လေးတစ်ယောက်ကိုတွေ့တာမို့ အိမ်သွားရမယ့်လမ်းကို သိရရန်မေးတော့ အရှေ့ကကောင်လေးက ဘာမှပြန်မဖြေလာ၊သူ့ဘာသာသူ ခရမ်းချဉ်သီးတွေကိုသာ ဆက်ခူးနေသည်လေ။
ပြန်မဖြေလာမယ့်အတူတူမို့သာ လှည့်ထွက်ခဲ့လိုက်ပြီး ကိုယ့်ဘာကိုယ်လမ်းဆက်လျှောက်ခဲ့လိုက်သည်။တော်တော်လှမ်းလှမ်းရောက်တော့မှ အနောက်ကနေ လက်ကို ဆတ်ခနဲ လှမ်းဆွဲကိုင်ခံလိုက်ရတာမို့ ကြည့်မိတော့မှ ခုနကကောင်လေး၊
လှပလွန်းတဲ့ မျက်ဝန်းတစ်စုံကတကယ်ကို ဆွဲဆောင်လွန်းသည်၊လက်ကိုသေချာလေးကိုင်ပြီး အရှေ့ကနေလျှောက်ဖို့ ပြင်နေတာမို့ ကောင်လေးရဲ့လက်လေးကိုသာ သေချာပြန်ကိုင်ပြီးလိုက်ခဲ့မိသည်။တော်တော်လေးလျှောက်ပြီးတော့မခမ်းနားပေမယ့် သေသပ်တဲ့အိမ်ရှေ့ရောက်တော့မှ ထိုကောင်လေးက လက်လေးကိုဖြုတ်ပြီး ပြုံးပြလာသည်။
"ဒါလား...ရွာလူကြီးရဲ့အိမ်ကလေ"
စကားပြန်မပြော ခေါင်းသာတငြိမ့်ငြိမ့်လုပ်ပြလာသည်။ပင်ကိုယ်အတိုင်းနူးညံ့ပျော့ပျောင်းနေတဲ့ဆံပင်လေးတွေကလည်း ဝဲဝဲလေးပင်။အရှေ့ကကောင်လေးကို သေချာလေးကြည့်ပြီးပြန်ပြုံးပြရင်း ကျေးဇူးတင်စကားဆိုမိသည်။