EP4(U&Z)

1.9K 325 0
                                    

..[ U ]

ရေချိုးပြီးတဲ့နောက်ချွီစော် တစ်ယောက် လှေကားကို သုံးလှမ်း မျှသာကျော်ခွရင်း ရေစိုနေတဲ့ တဘက်တထည်အားရေစက်လက်ကျနေတဲ့ ခေါင်းကို အုပ်ကာကပိုကရို
ဖြင့်ဆင်းလာတယ်၊ ဆံပင်တွေကရေစိုနေ
တာမို့ရေစက်လေးတွေကတီရှပ်ထဲသို့စီးကျလာရင်းကော်လာအပေါ်ပိုင်းတပိုင်းလုံးကအတော်လေးပင်စိုစွတ်နေတယ်၊

"ဘာလို့ ဆံပင်တွေကိုdryerနဲ့ မမှုတ်တာလဲ?"

ကုတျန့်က ချွီစော်ကို တချက်ကြည့်ပြီး
လက်ထဲသို့ထမင်းစားတူလေး ထည့်ပေးလာတယ်၊

"အမြန်လာပြီးစားလိုက်,ဟင်းတွေအေးကုန်မယ်"

"Dryerနဲ့ မမှုတ်ချင်ဘူး, အရမ်းပူတယ်,
သူ့ဘာသာ စိုနေရင်အေးအေးလေး ဖြစ်နေမှာ'

ချီစော်က တဘက်ကို ဘေးတဖက်သို့ ပစ်လိုက်ပြီးထမင်းစားတူကို ယူလိုက်တယ်၊
ကုတျန့်ဘေးမှာ ကျကျနန ဝင်ထိုင်ပြီးမှ
တဖက်ထိုင်ခုံ လွတ်နေတာကို တွေ့တာမို့
ကုတျန့်ကို မေးလိုက်တယ်၊

"တာ့ကော သွားပြီလား ?မင်းကရော တကယ်ကြီး ချီရှီ ပွဲတော်ကို မသွားဘူးလား ?"

"အစားစားပါ"

ကုတျန့်က ကုအန်း သူ့ကို ခုန လေးကမှပြောခဲ့တဲ့ စကားတွေကို ပြန်စဥ်းစားနေစဥ် ချွီစော်ကပါ တရုတ်ချစ်သူများနေ့ ကို အစဖော်နေတယ်၊မသိမသာပင် သူပြုံးလိုက်မိရင်း
ချွီစော်အတွက် ပုဇွန် တစ်ကောင်ကိုပန်းကန်လေးထဲသို့ ထည့်ပေးလိုက်တယ်၊

နှစ်ယောက်သား ထမင်းစားပြီးချိန်မှာတော့
အန်တီကြီးက စားပွဲပေါ်မှ စားကြွင်းစားကျန်နဲ့
ဟင်းခွက်တွေကို သိမ်းဆည်းပေးလာတယ်၊

"ဖရဲသီး ခွဲပေးရမလား ?"

အန်တီကြီးက မီးဖိုထဲကနေ ခေါင်းလေးပြူပြီး လှမ်းမေးလာတယ်၊

"မလုပ်နဲ့ အန်တီ, ကျွန်တော် ဘာသာခွဲမယ်"

ချွီစော် တစ်ယောက် ဆိုဖာပေါ်ကနေ ခုန်ဆင်းလိုက်တယ်။

"အန်တီကြီး ပဲ ခွဲပါစေ "

ကုတျန့်က တွေးနေမိတယ်, ချွီစော် တစ်ယောက်ဘာလို့များ ဒီလောက် ဝီရိယရှိနေရတာလဲ? သေချာတာကတော့ဖရဲသီးကို
မြင်တာနဲ့ ရေချိုးဖို့ကိုတောင်မေ့နေသူဖြစ်တယ်၊

မင်းရဲ့ပရိုမုန်းလေးကချိုတယ်(ဝတ္ထုတို)CompleteWhere stories live. Discover now