EP6(U&Z)

1.8K 306 0
                                    

..[ U ]

နောက်တနေ့ မနက်၌ ချွီစော်တစ်ယောက်
ကုတျန့် အိပ်ရာထဲမှနိုးလာတယ်၊ ခုတင်က
အလွယ်ကျယ်ဝန်းပြီးကုတျန့်လည်းမရှိသည်မို့ ဗလာဖြစ်နေတယ်၊ ဆေးထိုးပြီးတဲ့နောက်
ချွီစော် နှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်းက
အိပ်မက်တောင် မမက်ခဲ့ဘူး။

ကုတျန့်နဲ့ သူအိပ်မပျော်ခင် ချောကလက်နံ့နဲ့ ဝိုင်နံ့ဆိုပြီးပရိုမုန်း အနံ့ကိုတောင်ဆွေးနွေး လိုက်သေးတယ်၊ထိုနောက် အေးစက်ပြီး
အနည်းငယ်တုန်ယင်နေတဲ့ အထိအတွေ့
တစ်ခု နဖူးပြင်ဆီကျရောက်လာပြီးနောက်
သူအတော်လေး သက်တောင့်သက်သာဖြစ်သွားရာမှ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့ရင်း
သူဘာမှ မသိတော့ဘူး ။

ကုတျန့်ကတော့ သူအိပ်ပျော်သွားတဲ့အချိန်
နောက်ထပ်ဆယ်ကြိမ်လောက်ထိသူ့ဒုက္ခနဲ့သူ ဖြစ်နေမှာကိုချွီစော် မသိပေမယ့်သူ့ကိုစိတ်မချလို့ အိပ်ပျော်မှာ မဟုတ်ဘူးဆိုတာကိုတော့ ချွီစော် တွေးမိလောက်တယ်။

****

ညက ကုအန်းနဲ့ ယွီနန်တို့ အိမ်ပြန်ရောက်တော့ , ည12နာရီ ကျော်နေပြီ၊ သူ့ညီငယ်လေးက ရေခဲရေ ခရားကြီးကိုင်ပြီး ဧည့်ခန်း ထဲ၌ ခေါက်တုံ့ ခေါက်ပြန်လမ်းတွေလျှောက်နေရင်း ခေါင်း ငုံ့လိုက်ရေခဲရေတွေ ငှဲ့သောက်လိုက်နဲ့ တကိုယ်လုံးလည်း နီရဲနေပြီးပူလောင်နေပုံ ရတယ်၊ မျက်လုံးထဲမှာတောင်သိသိသာသာ သွေးခြေတွေဥ နေတယ်၊

ထို အခြေအနေကို မြင်ရုံဖြင့်ကုတျန့်ရဲ့ အခြေအနေကို ထုတ်ပြောရန် မလိုပဲ
သူ့ အစ်ကိုနဲ့ ခဲအိုလုပ်သူတို့က ဖြစ်ပျက်
နေသည့် အရာတွေကိုချက်ခြင်းပင်နား
လည် နိုင်တယ်၊

ယွီနန်က မေးလာတယ်၊

" ချွီစော် ဘယ်မှာလဲ ?"

" ကျွန်တော့် အိပ်ရာထဲမှာ "

ကုတျန့် တစ်ယောက် ပြန်ဖြေပြီးရေခဲရေတငုံသောက်ချနေပြန်တယ်၊

" သူအိပ်ပျော်နေပြီ"

ယွီနန်ခေါင်းညိတ်ပြီး ကုတျန့်ရဲ့ ပခုံးကိုပုတ်လာတယ်၊

" မင်းနဲ့ မင်း အစ်ကို နေခဲ့, ချွီစော် ရဲ့အခြေ အနေကို ငါတချက်သွားကြည့်ပေးမယ်"

မင်းရဲ့ပရိုမုန်းလေးကချိုတယ်(ဝတ္ထုတို)CompleteWhere stories live. Discover now