EP7(U&Z)

1.9K 318 0
                                    

.[ U ]

" တာ့ကော, ကုတျန့် ဘယ်မှာလဲ?"

ချွီစော် က နံနက်စာ စားရန် ပြင်ဆင်နေတဲ့ စားပွဲမှာ ဝင်ထိုင်ရင်း မေးလိုက်တယ်၊

" မနက်အစောကြီးထပြီး သူဘယ်သွားတာလဲ? သူ့ကို လိုက်ရှာကြည့်တာလဲ မတွေ့ဘူး၊
ခုချိန် မနက်စာ မစားရင်သူကျောင်းနောက်ကျလိမ့်မယ်"

"မင်းတို့နှစ်ယောက် ဒီနေ့ ကျောင်းမသွားနဲ့,
ငါမင်းတို့ အတွက်ခွင့်သွားတိုင်ပေးမယ်"

ကုအန်း ချွီစော်ရဲ့ ပန်းကန်ထဲသို့ဂျုံယာဂု
ထည့်ပေးလိုက်တယ်၊

" အာ? ဒီနေ့ ကျောင်းမသွားရတော့ဘူးလား?
ဘာလို့လဲ ?"

ချွီစော် ကလက်နှစ်ဖက်ဖြင့် ပန်းကန်လုံးလေးကို ယူပြီး ယာဂု တစ်ဇွန်း ခပ်သောက်လိုက်တယ်၊

" မင်း နေကောင်းပြီလား ?"

ကုအန်က တိုက်ရိုက် မဖြေသေးဘူး။

" ကောင်းပါတယ်, ဘာဖြစ်တာလဲမသိဘူး?
ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ဇီဝ ဖြစ်စဥ်အရဆို
ကျွန်တော်တို့ အယ်ဖာတွေကအားကောင်းတယ်မလား ?"

ချွီစော်က ကြက်ဥပြုတ်တစ်လုံးကို ကောက်ယူပြီး စားပွဲကိုခေါက်လိုက်တယ်။

" မင်းဒီ အခြေအနေကို တော့မကျော််ဖြတ်နိုင်ဘူး"

ကုအန်က သက်ပြင်းရှည်တချက်ချရင်း,

" ချွီစော်, မင်းက...."

သူ့စကားမဆုံးခင်မှာပဲ တံခါးဖွင့်သံ ကြားလာရပြီး ကုတျန့် တစ်ယောက်တကိုယ်လုံးစိုစွတ်နေလျက် အထဲသို့ဝင်လာတယ်၊

" ကုတျန့် , မင်းဘယ်ရောက်နေတာလဲ ?
အပြင်မှာ မိုးရွာ နေတာလား?"

ချွီစော်တစ်ယောက် ကြက်ဥအခွံခွာရန်ကိုပင်မေ့သွားပြီး ကုတျန့် ကို ကြည့်လိုက်တယ်၊

အခုလောလောဆယ်ကုတျန့်က ပုံမှန်မဟုတ်သလိုပဲ, သူက အမြဲတမ်း အေးဆေးတည်ငြိမ်နေသူမို့ ခုက အရင်လိုမဟုတ်ဘူး၊ အဆုံးစွန်ဘတ်စ်ကတ်ဘောကစားတဲ့ အချိန်ထိတိုင်အောင် သူ့မျက်နှာနဲ့ ခန္ဓာကိုယ်က အမြဲတမ်း ရှင်းသန့်နေလေ့ရှိပြီး ချွေးတစိုစို နဲ့ညစ်ပတ်နေတာမျိုးတောင်မရှိဘူး၊ခုလိုပေတိပေစုတ်ပုံစံမျိုး မတွေ့ဖူးဘူး၊ခုလက်ရှိပုံစံက အရမ်းကို စိတ်ဓာတ်ကျနေပုံရတယ်၊

မင်းရဲ့ပရိုမုန်းလေးကချိုတယ်(ဝတ္ထုတို)CompleteWhere stories live. Discover now