EP9(U&Z)

3.2K 398 8
                                    

.[ U ]

ချွီစော် အိပ်ရာထဲ၌ခေါင်းအနောက်အား
လက်ဖြင့်ခုထားကာပြန်လဲလျောင်းနေရင်း
ဖြူဖွေးနေတဲ့ မျက်နှာကျက်ကို မော့ကြည့်
၍ ခြေထောက်လေးတွေကိုလှုပ်ယမ်းနေတယ်၊

အချိန်အတော်ကြာသည်အထိ ကုတျန့်
တစ်ယောက်ပြန်မလာသေးဘူး၊

" ဒီကောင်ရေချိုးတာဒီလောက်တောင်ကြာနေရလား?"

ချွီစော် တိုးတိုးလေး ရေရွတ်ကာမြှောက်တင်ထားတဲ့ခြေထောက်ကို ပစ်ချပြီးခုတင်ပေါ်
ထထိုင်လိုက်တယ်၊ ခဏလောက်စဥ်းစားပြီးနောက် ခေါင်းအုံးအောက်မှ ဖုန်းကိုဆွဲထုတ်ပြီး video callခေါ်လိုက်တယ်၊

ခဏအကြာတွင် ဖုန်းဝင်သွားပြီး အသံခေါ်ဆိုမှု ဆီသို့ကုတျန့်က ပြောင်းလိုက်တယ်၊
ကုတျန့်ရဲ့ မတည်ငြိမ်နေတဲ့ အသံကဖုန်းထဲကနေ ထွက်လာတယ်၊

" အဆင်မပြေထပ်ဖြစ်နေလို့လား?"

"အာ? မဟုတ်ဘူး...မဟုတ်ဘူး "

ချွီစော် ရှက်ရွံ့လာတယ်,

"မင်းရေချိုးတာဘာလို့ဒီလောက်တောင်ကြာနေရတာလဲ?"

ဖုန်းရဲ့ အခြားတစ်ဖက်မှလူက တိတ်ဆိတ်နေတယ်၊

" မင်းရေချိုးနေတာလား ? ရေသံလည်း
မကြားရဘူး"

ကုတျန့် တစ်ယောက် ရေချိုးခန်းနံရံရှိ
ကော်ဖီရောင် ကြွေပြားပေါ် နဖူးတင်လျက်
ဖိကပ်ထားရင်း သူ့ဖုန်းအား တြိဂံပုံစံ ခြင်းတောင်းလေး ထဲ၌ထောင်ထားလိုက်တယ်၊ လက်မောင်း၏ရုန်းဆန့် မှုကြောင့်အမြှောင်းလိုက် ဖြစ်ပေါ်နေတဲ့ နောက်ကျောပြင်ကြွက်သားတို့က ထင်ရှားစွာရှိနေလျက်
အသက်ပြင်းပြင်းတချက်ရှု သွင်းလိုက်တယ်၊

" ပြီးပြီ, ငါလာခဲ့မယ်"

ဖုန်းချလိုက်ပြီးနောက်, ကုတျန့် ရေပန်းကို
ဖွင့်ပြီး ခေါင်းစခြေဆုံး စိုစွတ်စေလိုက်တယ်၊
ထို့နောက် ရေချိုး သဘက်ဖြင့်သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို အမြန်သုတ်လိုက်တယ်၊ မီးခိုးရောင် bathrobeကိုဝတ်ဆင်ပြီး ခါးစည်းကြိုးကို လျော့ရဲစွာချည်လိုက်တယ်၊
ထို့နောက် ကျောပိုးအိတ်ကို ကောက်ယူပြီး
ချွီစော်ကို ရှာဖို့ အပေါ်ထပ်သို့ပြန်တက်လာလိုက်တယ်၊

🎉 You've finished reading မင်းရဲ့ပရိုမုန်းလေးကချိုတယ်(ဝတ္ထုတို)Complete 🎉
မင်းရဲ့ပရိုမုန်းလေးကချိုတယ်(ဝတ္ထုတို)CompleteWhere stories live. Discover now