*187* မင်းသဘောအတိုင်းပါဘဲ

5.9K 1K 33
                                    

ဒီတစ်ကြိမ်တော့ ရုန်ယိကိုယ်က ဘယ်လောက် ချော့ပြောပါစေ သွေးဆောင်ပါစေ.. ရုန်ယိမှာ ယင်ကျင်းရဲ့အဖေကို သွားတွေ့ဖို့ လုံးဝဆန္ဒမရှိ ဖြစ်နေသည်။

"မင်းပြောတော့ အကြီးအကဲတွေကို တွေ့ပြီးတာနဲ့ ငါ့ဆရာတူအစ်ကိုကြီးကို ရှာပေးမယ်ဆို ဒါပေမယ့် အခု ရက်အများကြီးကြာနေတာတောင် ငါ သူ့သတင်းတစ်လုံးမှ မကြားရသေးဘူး"
ရုန်ယိက နီရဲနေတဲ့မျက်လုံးတွေနဲ့ အော်ပြောလာ၏။
"မင်းငါ့ကို လိမ်ပြောနေတာဘဲဖြစ်မှာ.. ငါ မင်းစကားတွေကို လုံးဝမယုံချင်တော့ဘူး"

"ငါတို့ သူ ပေပနယ်မြေကို သွားတယ်ဆိုတဲ့ သတင်းရထားပြီးပြီ...ဒါပေမဲ့ သူ့တည်နေရာ အတိအကျသိရဖို့ကတော့ အချိန်တစ်ချို့လောက် လိုသေးတယ်လေ"

ရုန်ယိက သူပြောတာ သိပ်မယုံကြည်သေး။
"တစ်ကယ်ကြီးလား.. တစ်ကယ် သူဘယ်မှာလဲ ရှာတွေ့ထားတာလား.. ငါ့ကို ဒီအတိုင်း ပါးစပ်ထဲရှိတာ ပြောလိုက်တာမဟုတ်ဘူးလား"

"ယုံချင်ယုံ မယုံချင်နေ.. ဒါပေမဲ့ ငါမင်းကို သေချာသိအောင် ပြောရမှာ တစ်ခုတော့ရှိတယ်.. အခု ငါမင်းကို သွားတွေ့စေချင်တဲ့သူက ယင်မိသားစုရဲ့ သခင်ကြီးဘဲ.. အကယ်၍ မင်းက ကြောက်ပြီး သူ့ကိုသွားမတွေ့ရင် သူက မင်း သူ့ကို မင်း မလေးမစားလုပ်တယ်လို့ ထင်သွားလိမ့်မယ်.. မင်း ဒီမှာဆက်နေပြီး မင်းဆရာတူအစ်ကိုကြီးရဲ့ သတင်းကို စောင့်ချင်သေးတယ်ဆိုရင်တော့ သူ့ကိုသွားတွေ့သင့်တယ်။ မဟုတ်ရင် မင်းဆရာတူအစ်ကိုကြီးကို မတွေ့ရသေးခင် ဒီအိမ်တော်ကနေ မောင်းထုတ်ခံလိုက်ရလိမ့်မယ်...။ ဒီအိမ်တော်ကနေ ထွက်သွားပြီးတာနဲ့ ဖြစ်လာမဲ့အခြေအနေတွေကိုရော မင်းသိရဲ့လား.. ယင်မိသားစုရဲ့ အကာအကွယ်သာမရှိရင်.. သိပ်မကြာခင် အသက်ဆုံးရှုံးလိုက်ရပြီး မင်းဆရာတူအစ်ကိုကြီးကို ထပ်မတွေ့နိုင်တော့ဘဲ ဖြစ်သွားလိမ့်မယ်"

ရုန်ယိမှာ အလန့်တကြားဖြစ်သွားရသည်။
"ငါက ဘာလို့ သိပ်မကြာခင် အသက်ဆုံးရှုံးရမှာလဲ"

"ဘာလို့ဆို မင်းက ယင်ထောင်နဲ့ ယင်ဟွေရဲ့ဖေဖေဖြစ်ပြီး ယင်ကျင်းရဲ့နဲ့ လက်ထပ်ရမဲ့သူမလို့လေ.. ဒါပေမဲ့ ယင်မိသားစုက အကြီးအကဲတွေနဲ့ ချီမိသားစုသခင်က မင်းကို သဘောမကျဘူး.. မင်းမှာက ယင်မိသားစုကို အင်အားကြီးမားလာစေနိုင်တဲ့ နောက်ခံအင်အားမရှိသလို.. ချီမိသားစုသခင်နဲ့ ယင်ကျင်းရဲ့ကြားမှာ ပိတ်ရပ်နေသလို ဖြစ်နေလို့လေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now