Part - 1

640 24 2
                                    

တစ်ခန်းလုံးကို အဝါရောင် မီးအိမ်လေးက အလင်းရောင်သဲ့သဲ့ဝေမျှထားသည်။ မီးအိမ်လေးဘေးက စားပွဲတင် ဒီဂျစ်တယ် နာရီလေးကတော့ 11:11 PM တဲ့ ။

ကျွန်တော်အလျင်အမြန်ပဲ ဆုတောင်းလိုက်မိသည်။

'' မောင် ကျွန်တော့်ဆီ ပြန်လာပါစေ '' လို့ပေါ့။

ဆုတောင်းပြီးသွားမှ ကျွန်တော်သတိရသွားသည်။ မောင်က ကျွန်တော့်ဆီ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူးလေ။

စာကြည့်စားပွဲရဲ့ မျက်နှာချင်းဆိုင်နံရံမှာတော့  လက်ပုံတွေ မှောက်လျက်အနေအထား သို့မဟုတ် ပက်လက် အနေအထား သို့မဟုတ် ဘေးတစ်စောင်းအနေအထား.... ဒါမှမဟုတ်ရင် digital pen ကို ကိုင်ထားတဲ့ လက်တွေ.... ထိုလက်ပုံအမျိူးမျိူးကို ဓာတ်ပုံဆိုင်မှာ တကူးတက ကျွန်တော်သွားထုတ်ပြီး ထင်သာမြင်သာနေရာမှာ အမြဲကပ်ထားခဲ့တာ။

အဲ့ဒါမောင့်လက်ပုံတွေပေါ့။ မောင့်က artist တစ်ယောက် ။မောင့်မှာ လက်ချောင်းသွယ်သွယ်လှလှလေးတွေရှိတယ်။ ကျွန်တော့်လက်က မောင့်လောက်တော့မလှဘူးပေါ့။

နံရံပေါ်က လက်တွေကိုကြည့်နေရင်း ပုံတွေက ေဝဝါးလာတယ်လို့ခံစားရသည်။ ဘာကြောင့်ပါလိမ့်.....လက်ဖမိုးပေါ်မျက်ရည်တစ်စက် ဖောက်ခနဲ ကျလာမှ ဪ ကျွန်တော့်မျက်ရည်တွေကြောင့် ပုံတွေ ဝါးသွားတာကို။

အေးစိမ့်လာသလို ဖြစ်လာတာမို့ ကျွန်တော် အနွေးထည်ကောက်ဝတ်လိုက်သည်။ အင်းလေ နိုဝင်ဘာညတွေဆိုတော့ လည်း ဆောင်းရောက်တော့မှာကို... ဒါနဲ့မောင်ရော နွေးနွေးထွေးထွေးရှိရဲ့လား။

မရည်ရွယ်ထားတဲ့ ပူပန်ခြင်းက သူ့အလိုလိုရောက်လာခိုက် ။ လက်ကလည်း ဖုန်း Messenger ကို ဖွင့်နေနှင့်ပြီးသား။ search bar မှာ ..... နဲ့ စတဲ့မောင့် နာမည်ကို ရိုက်မိတော့မှာ။

​ေဟာ မောင့်နာမည်ကို အလွတ်ရနေသည့်လက်က ရိုက်လိုက်မိသွားပြီ။ ပေါ်လာတော့လည်း မထူးပါဘူးလေဟု ဝင်ကြည့်လိုက်တော့မှ ကျွန်တော်တစ်ခုခုကို မေ့နေခဲ့တာပင်။

လွန်ခဲ့တဲ့တစ်ပတ်ကပဲ မောင့်ကို ကျွန်တော်ကိုယ်တိုင် block ပေးပါဟု သွားတောင်းဆိုခဲ့သည်မလား။ အဲ့တော့ မောင့်ကို ကျွန်တော် စာပို့ လို့ မရတော့ပြီ။

Sad But True ( Completed ) Where stories live. Discover now