မရေမရာဖြစ်လာသော ဩဂုတ်ညတွေ.....
တဖြည်းဖြည်း မောင်က ကျွန်တော့်အပေါ် အေးစက်လာခဲ့ပြီ။ မောင်နဲ့ conservation တွေက အရင်လို မနွေးထွေးတော့။ စကားပြောနေကြတာမျိူးမဟုတ်ပဲ...မောင်က ကျွန်တော် တစ်ခုခုမေးမှသာ ဖြေသည့်သဘောမျိူး။
မောင့်ဘက်က စကားစပြောသည်က ရှားလာသည်။ မောင်ပြောင်းလဲလာတာကို ရိပ်မိသလောက်...မောင့်ကိုဆွဲထားဖို့ ကျွန်တော် အမျိူးမျိူး ကြံစည်နေခဲ့ရသည်။ ဘယ်လိုမျိူးဆို မောင် ကျွန်တော့်နား ကြာကြာနေမလဲပေါ့။
တစ်ချိူ့ရက်တွေမှာ ကျွန်တော် စကားမပြောပဲ နေကြည့်သည်။ ထိုအခါ မောင်လည်း လာမပြောတော့ပါ။ မာနစိတ်ခံလေးဖြင့် တင်းခံနေသော်လည်း....မောင်က မောင်ဖြစ်နေသေးတာမို့ ကျွန်တော့်ဘက်က အကြိမ်ကြိမ် အလျော့ပေးကာ မောင့်အနား ပြန်ပြန်ရောက်လာခဲ့သည်။
မကြာမီ ကျွန်တော့်မွေးနေ့ရောက်တော့မည်။ အိမ်မှာ ပွဲလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ အကြောင်းအရင်းကတော့ မောင့်ကို လာစေချင်လို့ပင်။ မောင့်ကသူ့ကိုယ်သူ မပြည့်စုံသူ ဟုသတ်မှတ်ထားသော်လည်း ကျွန်တော် ဆိုသည့် လူသားကလည်း ပြီးပြည့်စုံနေတာမျိူး မဟုတ်ကြောင်း မောင့်ကိုပြချင်ခဲ့သည်။
ဩဂုတ်လအစတွေထဲက မွေးနေ့ အကြောင်း ကျွန်တော် စကားကိုစထားသည်။ ရက်အတိအကျပါ ကျွန်တော် ပြောပြထားပြီးသားပင်။
သို့သော်... သို့....သော်.....မွေးနေ့မရောက်ခင်တစ်ရက်လိုထိ မောင်ဟာ ကျွန်တော့်မွေးနေ့ကို စိတ်ဝင်စားခြင်း အလျင်းမရှိခဲ့။
ဝါဆိုသင်္ကန်းကပ်နှင့်မွေးနေ့ကို ရောလုပ်မည်ဖြစ်၍ မွေးနေ့မတိုင်ခင်ညနေက သင်္ကန်းခြင်းတို့အား ထွယ်ဝယ်ခဲ့သည်။
တစ်နေ့လုံး မွေးနေ့ကိစ္စအတွက်အလုပ်ရှုပ်နေ၍ မောင်နဲ့ စကားတောင်မပြောရသေး။ သင်္ကန်းဝယ်ပြီး ပြန်အလာ...မောင့်အား စကားစရန် ဖုန်းကို ဖွင့် အမြဲစိမ်းလျက်ရှိသော မောင့်အကောင့်လေးဆီသို့
'' ဟိတ် ကောင်လေး ဘာတွေလုပ်နေလဲ ''
'' ဘာမှ မလုပ်ပါဘူး ဒါနဲ့ ခင်ဗျားရော ''