၃၉

900 50 21
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

မြဲ၏ ဘေးခုံတွင် ဝင်ထိုင်လိုက်သော တစ်စုံတစ်ယောက်ကြောင့် မှေးထားသော မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်သည်။

ထိုပုဂ္ဂိုလ်မှာ မိန်းကလေးတစ်ဦး ဖြစ်ပြီး ပိပိနဲ့ သက်တူရွယ်တူလောက် ဖြစ်ဟန်တူသည်။

ပုခုံးနဲ့လွတ်နေသော ဆံပင်ဝဲဝဲကို အပြာရောင် highlight ဖောက်ထားပြီး မျက်နှာမှာတော့ မိတ်ကပ် ဘာညာ ပြင်ဆင်ထားတာ မရှိ။ ထိုအစား ဂျစ်ကန်ကန် မျက်နှာပေးလေးတော့ ဆင်မြန်းထားသည်။

ပီကေဝါးမပျက်သည့် အနှီမိန်းကလေးက မြဲလုပ်သလို သူ့မှာပါလာတဲ့ ကျောပိုးအိတ်အား ခပ်တင်းတင်း ပိုက်ထားသည်။

သူ့ကိုစိုက်ကြည့်နေသည့် မြဲအား မျက်လုံးထောင့်မှ မြင်သွားသည် ထင်၏။ မြဲဘက်သို့ ခေါင်းလှည့်လာ၍ လက်ဝါးလေး ထောင်ကာ "ဟိုင်း"ဟု နှုတ်ဆက်သည်။

"ရွာပြန်မလို့လား"

မြဲ၏ရင်ခွင်ထဲမှ ကျောပိုးအိတ်ကို တစ်ချက်ကြည့်ကာ မေးလာသည်။ တစ်ခါမှလည်း မမြင်ဖူးဘဲ ရင်းနှီးသလို လေသံဖြင့် ဆက်ဆံလာတော့ မဖြေလိုက်ရင် ရိုင်းသလို ဖြစ်တော့မည်။

"မဟုတ်ပါဘူး"

"သြော်... ဘယ်ထိသွားရမှာလဲ"

"ပြည်ထိ"

"ဂိတ်တူသားပဲ၊ အဖော်ရပြီ ငါတော့"

ဂျစ်ကန်ကန် မျက်နှာပေးလေးကနေ ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားပြီး သူ့ကျောပိုးအိတ်ထဲကို လက်နှိုက်နေသည်။ စက္ကန့်ပိုင်းအတွင်း ဖုန်းနဲ့အတူ နားကြပ်ကြိုးတန်းလန်းပါ ကျောပိုးအိတ်ထဲမှ ထွက်လာသည်။

"ဘာမှမလုပ်ဘဲ ကားစီးရင် ဖင်ပိုညောင်းတယ်၊ သီချင်းနားထောင်မလား"

နားကြပ်တစ်ဖက်အား မြဲဆီ ကမ်းပေးနေတော့ မကောင်းတတ်၍ ယူလိုက်ရသည်။ စကားပြောနေပုံက သူနဲ့ သက်တူရွယ်တူ တစ်ယောက်ကို ပြောနေသလိုပင်။ မြဲကို အသက်ကြီးမှန်း မသိတာလား၊ နဂိုကတည်းက ဒီလို မလေးမစား ပြောတတ်တာများလား။

သူကိုယ်တိုင်ကလည်း ကျန်သည့်တစ်ဖက်ကို တပ်လိုက်ပြီး playlist လုပ်ထားသည့် သီချင်းတွေထဲမှ ထိပ်ဆုံးတစ်ပုဒ်ကို ဖွင့်လိုက်သည်။

❁မမ❁Where stories live. Discover now