1

254 26 2
                                    

Unicode

သာယာလွန်းတဲ့ ရာသီဥတု၊ တောက်ပနေတဲ့ ဂျုံခင်းတွေ၊ အေးမြတဲ့လေနုနုလေး၊ ပြီးတော့ ရှေးဟောင်း ယဉ်ကျေးမှုတွေ...

ဒါတွေအကုန်လုံးက သိပ်ကို အံ့အြဖွယ်ရာ ကောင်းလှပါဘိ။

တစ်ခုမကျန်လိုက်လံ ကြည့်ရှုနေမိတယ်။ တစ်ခုလောက်လေးများ လွတ်သွားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်နေမိတယ်။

အိုး....ပန်းချီကားတွေဟာလည်း အသက်၀င်လွန်းလိုက်တာကွယ်။

မင်းညီမင်းသားတို့ရဲ့ အ၀တ်အစားတွေကလည်း အထက်တန်းဆန်လွန်းပြီး ဂုဏ်အရှိန်အဝါကြီးလွန်းတယ်။

တစ်နေရာအရောက် ပန်းချီကားတစ်ချပ်နှင့် ထိုပန်းချီကားအောက်တွင် ထွင်းထုရေးထိုးထားသောစာက သူမကို အာရုံစိုက်မိစေတယ်။

အဲ့နေရာမှာ ဒေစီပန်းခြောက်တွေလည်းရှိတယ်။ စာရေးတဲ့မှင်တံလေးရယ် လက်လုပ်မြေအိုးလေးရယ် ဂျုံပန်းခြောက်လေးရယ်လည်းရှိတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ မှော်နှင်တံလေးတစ်ခု။

ရှေးဟောင်းပစ္စည်းတွေမို့ မကိုင်ရလို့ ကန့်သတ်ထားတာ နားလည်ပေမယ့် သူမထိတွေ့ချင်နေမိတယ်။

အဲ့နေရာမှာပဲ သူမအကြာကြီးရပ်နေတယ်။ အဲ့နေရာက အနုပညာတွေဟာ ရိုးသွားခြင်းမရှိဘဲ ထပ်ကာထပ်ကာ ကြည့်မိစေတယ်။ ဒီလိုဖြစ်နေတာဟာ သူမတစ်ယောက်ထဲ မဟုတ်ဘူးလို့တော့ထင်တာပဲ။

ရုတ်တရပ်သူမက တစ်ခုခုကို သတိသွားတယ်ထင်ရဲ့။ ထိုနေရာကနေ အမြန်ထွက်ခွာသွားတယ်။

ဂျုံခင်းတွေကိုလည်းဖြတ်ကျော်ခဲ့တယ်။ အလှဓာတ်ပုံရိုက်နေတဲ့လူတွေကိုလည်း သူမစိတ်မ၀င်စားဘူး။
စားသောက်ဆိုင်တွေကိုလည်း ဖြတ်ပြီး သူမရောက်ခဲ့တာက ရှေးဟောင်း စာအုပ်ဆိုင်တစ်ဆိုင်ကို။
ရှင်းရှင်းပြောရရင် ခုနက ယဉ်ကျေးမှုပြတိုက်နဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်းတွေရှိတဲ့နေရာ။

အကန့်တိုင်းကိုသေချာကြည့်ရှုစစ်ဆေးတယ်။ သူမ အင်တိုက်အားတိုက်ရှာဖွေနေတယ်။ ဒါဟာ သူမရဲ့အကျင့်တွေလိုပါပဲ။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တာမျိုးပေါ့။

LOVE, BEAUTY AND DEATH/JAYWON/Where stories live. Discover now