3

122 23 7
                                    

Unicode

တောက်ပစွာဖြာကျနေတဲ့ နေရောင်ခြည်ဟာ မျက်နှာနုနုပေါ်တွင် လှပစွာ အရိပ်ထင်နေသည်။ တစ်ညလုံး ကျဉ်းကျဉ်းကျပ်ကျပ်‌အိပ်နေ‌ရပေမယ့် အခုတော့ အလွန်တစ်ရာကို သက်တောင့်သက်သာရှိလှသည်။

"ဟင်"

Jungwonက ကိုယ့်မျက်စိကို မယုံနိုင်လောက်အောင်ဖြစ်နေသည်။ သူအခုအိပ်ရာပေါ်ရောက်နေတယ်။ ဒါမယ့် သူညက ဆိုဖာပေါ်မှာအိပ်နေခဲ့တာ။
ဒါဆိုရင် ဒါဆိုရင် မင်းသားက သူ့ကို ရွှေ့ပေးခဲ့ပုံပါပဲ။

သာမာန်လူဆို ဒီလိုဖြစ်ပျက်နေမှာမဟုတ်ပေမယ့်
အခု တော်၀င်မင်းသားတစ်ပါးက သူ့အား ချီပိုးပြီး အိပ်ရာပေါ်သို့တင်ပေးခဲ့တယ်ဆိုတဲ့အချက်ကြောင့်
Jungwonကို မျက်လုံးပြူးစေသည်။

မင်းသားဟာ စတွေ့ထဲကထူးဆန်းလွန်းလှပါဘိ။
အရင်က ကြားခဲ့ဖူးတဲ့ မင်းသားရဲ့အကြောင်းတွေက ဒီလိုမှမဟုတ်တာ။

"Mr.Won နိုးနေရင်လည်း ထသင့်ပြီမဟုတ်လား"

"အာ...ကျွန်တော်တောင်းပန်ပါတယ် အရှင်"

Jungwonက ထိုသို့ပြောတော့ Jayက ပြုံးတယ်ဆိုရုံလောက်ပြုံးသည်။

"ကိုယ်ကစနေတာပါ မင်းအိမ်ပဲ လွတ်လွတ်လပ်လပ် အိပ်ပေါ့"

"မဟုတ်တာ...အရှင်ရှိနေတာကို"

"ကိုယ်? ကိုယ်ကအဆင်ပြေပါတယ် ပြီးတော့ တလေးတစားမဆက်ဆံလဲရတယ် အခုကိုယ့်မှာ ဘာဂုဏ်ပုဒ်မှမရှိနေဘူးလေ"

"မသင့်"

"မသင့်လျှော်ဘူး....ထပ်ပြောအုံးမယ်မလား"

"...."

"ကျွန်တော်က...."

"ကဲ တော်ပြီ ကိုယ်မနက်စာပြင်ထားတယ် ဆက်အိပ်ချင်အိပ် မအိပ်ချင်တော့ရင် မျက်နှာသစ်ပြီး လာစား"

‌Jungwonထပ်ပြီး မနက်စာပြင်တာ မသင့်လျှော်ပါဟု ပြောချင်သော်လည်း "ဟုတ်ကဲ့"ဟုသာ ပြောနိုင်တော့သည်။

တကယ်ပဲ မင်းသားက ထူးဆန်းလိုက်တာ!

______

နေရောင်တွေကအရမ်းကိုတောက်ပေနေတော့တာပဲ။
နေရောင်ခြည်ရဲ့ ဖြာကျနေတဲ့အ‌လင်းရောင်တွေက ဂျုံခင်းကြီးကိုရွှေရောင်သမ်းစေတယ်။

LOVE, BEAUTY AND DEATH/JAYWON/Where stories live. Discover now