6

110 16 6
                                    

Unicode

မျက်၀န်းနက်နက်တွေ......မျက်လုံးဝိုင်းဝိုင်းလေး‌တွေဒီလိုမျိုးလှပနေတဲ့မျက်လုံးတွေကို စူးစူးရှရှစိုက်ကြည့်ချင်ခဲ့တာ
အကြာကြီးလေ။

ပထမဆုံးစတွေ့ခဲ့တဲ့အချိန်....ပြီးတော့အခုအချိန်မှာရော ဒီမျက်လုံးလှလှတွေဟာ Jayကိုဖမ်းစားနေဆဲ။

အလှနတ်ဘုရားမရဲ့သွေးရယ် ပင်လယ်နက်ထဲကပုလဲလုံးတွေရယ် ရောနှောထားသလိုထင်ရတဲ့ ဒီအဖြူရောင်လူသားလေးက ဘာလို့များ နူးညံ့လွန်းနေတာတဲ့လဲ။

"Mr.won.."

ချွဲနွဲ့တဲ့ခေါ်သံမျိုးလည်းမဟုတ် ပုံမှန်အသံလဲမဟုတ်တဲ့ ခပ်အပ်အပ်ဒီအသံက Jungwonကိုရူးစေသည်။

ပြီးတော့ အရှင်ကသူ့ရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်နေသည်လေ။

"ပြော...ပြောပါ အရှင်"

"ကိုယ်မင်းကိုအမှန်တရားနှစ်ခုပြောပြစရာရှိတယ်"

"ကျွန်တော်နားထောင်နေပါတယ်"

"ပထမတစ်ခုက မင်းရဲ့မျက်လုံးတွေကို ကိုယ်သဘောကျတယ်"

"....."

Jungwonရဲ့လက်ဖျားတွေအေးစက်သွားသည်။ နှလုံးခုန်သံသဲ့သဲ့ကလည်းအရင်ကထက်ပိုကျယ်လောင်လာသည်။

"....."

"ဒုတိယတစ်ခုကရောဟင်"

"မင်းကိုသဘောကျတယ်"

"ဗျာ!"

Jayသိပ်သဘောကျနှစ်သက်တဲ့ မျက်လုံးဝိုင်းတွေက ပိုလို့ဝိုင်းစက်သွားသည်။ အံ့အြလွန်း၍ ဘာစကားမှပြောမထွက်နိုင်တော့ဘဲ ကြောင်အစွာ ရပ်နေမိသည့် Jungwon....။

သူ့ရဲ့ပါးပြင်နှစ်ဖက်ကတော့ ရှက်စိတ်နှင့် အခုန်မြန်လာသော နှလုံးသားတစ်စုံကြောင့် ပူနွေးလို့နေပြီဖြစ်သည်။

ထိုပူနွေးမှုအားလည်း သူ၏ပါးပြင်နှစ်ဖက်ကိုဆုပ်ကိုင်ထားပါသော မင်းသားကသိ၏။

"Jungwon.....ကိုယ့်ကိုအထင်သေးသွားလား"

"ဟင့်အင်း..."

ပျော်နေတာပါအရှင်ရယ်။ ကျွန်တော်ပျော်လွန်းလို့ပါ။ ကျွန်တော်ကအရှင့်ကို တမ်းတမ်းတတသဘောကျခဲ့ရသူပါ။ ဒီစကားတွေက အရှင့်ရဲ့စိတ်ရင်းအမှန်မဟုတ်ခဲ့ရင်တောင်မှ ဒီလိုစကားမျိုးကို အရှင့်ဆီကကြားရလို့ ကျွန်တော်အရမ်းပျော်နေတာပါ။

LOVE, BEAUTY AND DEATH/JAYWON/Where stories live. Discover now