(1)

3.7K 378 1
                                    

(Unicode)

“အိုးမိုင်ဂေါ့၊ ငါတို့ရဲ့ စတားကြီး နောက်ဆုံးတော့ နိုးလာခဲ့ပြီ”

"သခင်လေးကွမ်း၊ အခု ဘယ်လိုနေသေးလဲ။ ခေါင်းကိုက်နေလား?? ဒီနံပါတ်ကိုမှတ်မိလား!”

သူစကားမ ပြော တာကိုမြင်  တော့ အဲ့ဒီလူကထပ်ပြောလာတယ် ။

"မင်း အခု စကားပြောလို့ မရဘူးလား။ ငါဆရာဝန်ခေါ်လိုက်မယ် မင်းဒီမှာစောင့်နေ!"

ဟယ်ကွမ်းက မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူ့ဦးခေါင်းကို သံတူနဲ့ရိုက်ထားသလိုမျိုး ခံစားနေရတယ်။ သူ့ပတ်ဝန်းကျင်မှာ တုန်ခါမှုတွေနဲ့ ရေသံတွေပဲ ကြားနေရတယ်။ ကြည့်ရတာ သူအခန်းထဲမှာ ရှိနေပုံရတယ်။

ဟယ်ကွမ်း မသိစိတ်က ပြန်ပြောလိုက်တယ်။ “စောင့်…”
စကားတစ် ခွန်း ပြောပြီး နောက် မှာ သူဆက် မ ပြောနိုင်  တော့ဘူး။
လည်ချောင်းထဲမှာ ပူလောင်တဲ့ဝေဒနာကို ခံစားလာရတယ်။
ဟယ်ကွမ်းသည် ဖြည်းညှင်းစွာထထိုင်လိုက်တာကြောင့် သူ့ကိုယ်ပေါ်ရှိ စောင်က ပြုတ်ကျသွားသည်။

စောင်အောက်ရှိ ခန္ဓာကိုယ်သည် သေးသွယ်ပြီး လက်များနှင့် ခြေထောက်များ ရှည်လျားသော်လည်း ပုံမှန်မဟုတ်ဘဲ ဖျော့တော့နေလေ၏။ ပြင်းထန်သောရောဂါတစ်ခုမှ ပြန်လည်ကောင်းမွန်လာပုံနှင့်ပင် တူသေးသည်။ ဟယ်ကွမ်း အနီးကပ်ကြည့်လိုက်တော့ အတွင်းခံကလွဲလို့ သူ့မှာ ဘာမှမဝတ်ထားဘူးဆိုတာ တွေ့လိုက်ရတယ်။တစ်ချိန်တည်းမှာပင် ဤအရာသည် သူ့ခန္ဓာကိုယ်မဟုတ်ကြောင်း သူသိလိုက်ရပြန်သည်။

ဟယ်ကွမ်က သူ့ရဲ့ အနက်ရောင်ဆံပင်ကောက်ကောက်လေးကို ကိုင်လိုက်ပြီး "ဘာတွေဖြစ်နေတာလဲ??"

ထိုလူတွေအားလုံးကို သူလုံးဝမသိပေ။

အခန်းထဲမှာ မီးရောင်တွေက တောက်ပနေပြီး အခန်းကို ဥရောပစတိုင်နဲ့ အလှဆင်ထားပါတယ်။ မီးပဒေသာသည် တောက်ပနေပြီး ကော်ဇောသည်လည်း ခြေထောက်အောက်တွင် နူးညံ့နေသည်။ အဖြူရောင် စက်ဝိုင်းပြတင်းပေါက်အပြင်ဘက်တွင် အနက်ရောင်ပင်လယ်ရေသည် နေရာတိုင်းတွင် ရှိနေ၏။ အပျော်စီးသင်္ဘောသည် ခရီးသည် နှစ်ထောင်ကို တင်ဆောင်ကာ ပင်လယ်ပြင်ပေါ်တွင် မျောပါသွားခဲ့သည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now