(20)

1.1K 201 1
                                    

(Unicode)

လျှပ်စစ်မီးတပ်ဆင်ပြီးနောက် ဟယ်ကွမ်းသည် စက်ပြင်ဆရာထံမှ ရေ၊ အပူပေးစက်နှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုများအတွက် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကိုရရှိခဲ့ပြီး သူတို့ထံ ဆက်တိုက်ဆက်သွယ်ခဲ့သည်။ အပူပေးစက်နှင့် သဘာဝဓာတ်ငွေ့ကို ယနေ့ညတွင် ရရှိမည်။ ရေက တစ်ရက်ကြာမှ ရလိမ့်မည်။

ဟယ်ကွမ်းသည် အကုန်ပြီးသွားပြီဟုတွေးကာ သူ့အခန်းထဲသို့ ပြန်သွားခဲ့သော်လည်း လော့တုန်ချန်အား medical tapeကို မပေးခဲ့ရကြောင်း သတိရသွားသည်။ ထို့ကြောင့် အဲ့ဒါကို သွားယူလိုက်သည်။

ဒုတိယထပ်သို့ရောက်သောအခါ လော့တုန့်ချန်က စင်္ကြန်အလယ်တွင် ထိုင်နေသည်ကို သတိပြုမိလိုက်သည်။ အခန်းထဲရှိခေါက်ထားသော အိပ်ယာခင်းသည် အံ့သြစရာကောင်းလောက်အောင် ပုံမှန်ဖြစ်နေ၏။

ဟယ်ကွမ်း : "..."

ဟယ်ကွမ်းက ရွှင်မြူးစွာဖြင့် မေးလိုက်သည်။
"ဘဝအကြောင်း တွေးနေတာလား"

လော့တုန့်ချန်က မျက်လုံးများကိုမှိတ်ထားပြီး နီမြန်းသောမျက်နှာဖြင့် ပြန်ပြောလာ၏။
"ခေါင်းကိုက်တယ်"

ဟယ်ကွမ်း : "အရမ်းအာရုံစိုက်မိလို့လား?"

လော့တုန့်ချန် : "အမ်း"

ဟယ်ကွမ်း : "ဒါဆို ကျွန်တော်သွားတော့မယ်"

လော့တုန့်ချန် : "မင်းငါ့ကိုပြုစုဖို့ ဒီမှာရှိနေတာဆိုရင် ငါ့ကိုအနှောင့်အယှက်မပေးနဲ့"

သူသည် အဆက်မပြတ် သွားလာနေသူများကို သဘောမကျပေ။ ဖိနပ်ပါးလေးစီးထားသည့် ဟယ်ကွမ်းသည် တည်ငြိမ်စွာ လမ်းလျှောက်နေသော်လည်း သူ့ခြေထောက်များ တုန်နေပုံရသည်။ အိမ်ကြီးက ကြီးလွန်းသဖြင့် သူသည် တနေကုန် တက်ကြွစွာသွားလာနေသောကြောင့် ခြေသလုံးကြွက်သားများ နာကျင်နေလေ၏။

ဟယ်ကွမ်းသည် လော့တုန့်ချန် ရှေ့မှာ ထိုင်နေပြီး သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ သို့သော် လော့တုန့်ချန်က အလိုလို နောက်ဆုတ်သွားလေ၏။

ဟယ်ကွမ်းသည် ပို၍ပင် နီးကပ်စွာတိုးလာပြီး
"စိတ်ချပါ ကျွန်တော်မလုပ်ပါဘူး။ ခင်ဗျား ပတ်တီးကို ဘာလို့ ကိုင်ထားတာလဲ? အဲဒါတွေ ကျွန်တော့်ကိုပေးပါ"

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now