(14)

1.2K 212 3
                                    

(Unicode)

အကယ်၍ သူသည် ယခင်က လော့မိသားစုအတွက် မြင့်မားသောသစ်ပင်ဖြစ်ခဲ့လျှင် ယခုသူသည် သစ်ပင်၏အမြစ်များအောက်တွင် အိပ်နေသောဝက်တစ်ကောင်မျှသာဖြစ်ပြီး အချိန်တန်လျှင် အသတ်ခံရမည်ဖြစ်သည်။ လော့တုန့်ချန်သည် မကြာမီတွင် သူ့ကိုယ်သူ စွန့်ပစ်သွားခဲ့သည်။

အစတုန်းကတော့ သူ့ပတ်ဝန်းကျင်မှာ လူအနည်းငယ်ရှိခဲ့သည်။ သူ့လက်ထောက်နဲ့ဒါရိုင်ဘာထွက်သွားပြီးနောက် သူ့ဘေးမှာတစ်ယောက်မှမရှိတော့ပါချေ။ မူရင်းစာအုပ်တွင် လော့တုန့်ချန်ကို ပြဿနာဖြစ်စေနိုင်သည့် ဟယ်ကွမ်းအကြောင်း စာလုံးသုံးထောင်ခန့် ရေးသားထားသည်။

လော့တုန့်ချန်၏အဖေက သည်းမခံနိုင်တော့ဘဲ သူ့ကိုဒီအိမ်ကြီးဆီ ပို့လိုက်သည်။ ဤအိမ်ကြီးသည် အသက် ၄၀ အရွယ် လော့တုန့်ချန်အစ်ကိုကြီး၏ပိုင်ဆိုင်မှုဖြစ်သည်။ ယင်းနေရာကို နောက်ပိုင်းတွင်  ကိုယ်ပိုင်ဥယျာဉ်အဖြစ် ပြောင်းလဲခဲ့သည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤအိမ်ကို မိသားစုစားပွဲ၌ ပြသခဲ့ပြီး ဆောင်းရာသီဥယျာဉ်ဟုအမည်ပေးကာ လော့တုန့်ချန်အား ပေးအပ်ခဲ့သည်။

လော့တုန့်ချန်ကိုယ်တိုင်က မမျှော်လင့်ထားတာကြောင့်ဟင်းရွက်ကန်စွန်းလက်ခံခဲ့ရသလိုမျိုး လျစ်လျူရှုခဲ့သော်လည်း နောက်ပိုင်းမှာတော့ ဒီနေရာကို သူ့အိမ်အဖြစ် အသုံးပြုခဲ့ရသည်။

မျက်စိကွယ်ပြီးနောက် သူ့အဖေက သက်ပြင်းချပြီး
“ကောင်းပြီ… မင်းနဲ့လိုက်ဖက်ညီတဲ့ တစ်ယောက်ယောက် ရှာပေးရမှာပေါ့။ မင်းက အရပ်ရှည်တဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်လို့ မိန်းမတွေက မင်းကို အ၀တ်ဝတ်ပေးဖို့ မလွယ်ကူလောက်ဘူး…”

"ငါမင်းအတွက် ယောက်ျားတစ်ယောက် ရှာပေးမယ်။ အဲဒါမှ မင်းအတွက် အဆင်ပြေလိမ့်မယ်"

“မိသားစုအတွက်ကတော့ အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး။ မင်းနဲ့အသက်တူပြီး အလားအလာကောင်းတဲ့ တစ်ယောက်ရှိတယ်"

“… မင်း သူ့ကို ပိုသင်ပေးလိုက်ပါ...သူအခက်အခဲတွေကြုံလာတဲ့အခါ မင်းကိုလာရှာလိမ့်မယ်။ မင်း သူ့ကိုကူညီပေးလိုက်ပါ...သူက မင်းရဲ့တူလေးဖြစ်ပြီး နာခံတတ်တဲ့လူတစ်ယောက်ပါ"

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now