(8)

2K 296 2
                                    

(Unicode)

လော့ကျွင်းသော်သည် လိပ်စာရထားပြီးသော်လည်း အလုပ်များလွန်းနေသည်။ ယနေ့ညတွင် အပျော်စီးသင်္ဘောသည် အနီးနားပြည်နယ်တွင် ခေတ္တရပ်နားမည်ဖြစ်ပြီး အဲ့ဒီမှာ သူ့ရဲ့လုပ်ငန်းကိစ္စတွေကို ဆောင်ရွက်ရပေမည်။ ပြီးသွားရင် သူ့အတွက် အမြတ်ငွေ ဘီလီယံတစ်ရာလောက် ရရှိလာလိမ့်မည်။ ထို့ကြောင့် သူသည် အပျော်စီးသင်္ဘောပေါ်တွင် အခြားသူများကို လိုက်ပါရန် မတောင်းဆိုဘဲ ယန်ကျူးကိုသာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

သူသည် ဟယ်ကွမ်းအကြောင်းကြားတာနဲ့ သူ့ဆီသို့ အပြေးသွားခဲ့သည်။ စိတ်အားထက်သန်ပြီး စကားပြောနူးညံ့ညင်သာသည့် သူ့ရဲ့နှင်းဆီဖြူလေးကို တွေ့လိုက်ရသည်။ သူကပြုံးကာ တံခါးကိုဖြတ်လျှောက်လာပြီး လေလံစာရွက်ပေါ်တွင် ဟဲကွမ်းကို လက်မှတ်ထိုးခိုင်းနေသော မန်နေဂျာရှေ့တွင် ရပ်တန့်လိုက်သည်။

မန်နေဂျာက ပြောလာလေ၏။
"ဟဲလို၊ခင်ဗျားက......"

လော့ကျွင်းသော်က ဂုဏ်ယူစွာပြောလိုက်သည်။
"ကျွန်တော်က မစ္စတာဟယ်အတွက် ငွေပေးချေဖို့ ဒီကိုရောက်နေတာပါ"

လုပ်ငန်းစဉ်တစ်ခုလုံးကို တိတ်တဆိတ်နားထောင်ပြီးနောက် ရန်နင်သည် ဘီရိုထဲမှ ဖြည်းညှင်းစွာကုန်းကွပြီးထွက်ခဲ့သည်။ ထုံကျင်တာကလွဲလို့ သူ့မှာ ပြောစရာစကားမရှိတော့...

ဟယ်ကွမ်းက သူ့မျက်ရည်တွေကို တစ်ရှူးနဲ့ သေသေချာချာ သုတ်လိုက်ပြီး မျက်နှာဖုံးကို ဝတ်လိုက်သည်။
"သွားရအောင်၊ ပြန်ဖို့အချိန်ရောက်ပြီ"

ရန်နင်က မ၀ံ့မရဲမေးလိုက်သည်။
"ငါ မင်းကို ကူညီရမလား? မစ္စတာဟယ်၊ မင်းတစ်ယောက်တည်း အဲ့ဒါကို ထိန်းမထားနိုင်မှာကို ငါ စိုးရိမ်လို့ပါ..."

အဲ့ဒါဆိုတာက...အလှတရား။
(TN: ရန်နင်ပြောချင်တာက ဟယ်ကွမ်းအရမ်းချောနေလို့ သူ့ကိုနည်းနည်းမျှပါဆိုတဲ့သဘော)

ဟယ်ကွမ်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပင့်မော့ကြည့်လိုက်သည်။ ဟယ်ကွမ်း၏ မျက်ခွံများသည် ပါးလွှာပြီး မော့ကြည့်လိုက်သောအခါတွင် သူ့မျက်ခွံများသည် စူးရှပြီး ကွေးညွှတ်သွားသည်။
သူငိုထားတာမို့ သူ့မျက်လုံးတွေမှာ မက်မွန်ရောင်သမ်းနေကာ ပျော့ပျောင်းနူးညံ့တဲ့အလှကို သူ့ရဲ့ဂန္တဝင်ဆန်တဲ့ မျက်နှာပေါ်မှာ ထပ်တိုးလာစေသည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now