Part_1

762 44 17
                                    

အိမ်ခေါင်မိုးပေါ်သို့ခပ်ဖွဲဖွဲကျဆင်းနေသည့်မိုးဖွဲများ၏ တဖြောက်ဖြောက်မြည်သံကပင် လိုအပ်သည်ထက်ပို၍ငြိမ်သက်နေသည့်အိမ်အတွင်း၌ခပ်ကျယ်ကျယ်ကြားနေရသည်။
တံစက်မြိတ်မှအရှိန်ယူ၍ မြက်ခင်းပြင်ပေါ်သို့တစ်စက်ချင်းစီးကျနေသည့်မိုးရေစက်များအား လှစ်ဟထားသည့်ပြတင်းတံခါးမှတဆင့် harua၏မျက်ဝန်းငယ်များသည်အကြောင်းရင်းမဲ့စွာ ခပ်ဆွေးဆွေးငေးကြည့်နေခဲ့သည်။

ထမင်းစား စားပွဲဝိုင်း၏တဖက်တချပ်စီတွင်မျက်နှာချင်းဆိုင်အနေထားဖြင့်ထိုင်နေကြသည့် ကောင်လေးနှစ်ယောက်သည် ဝါကျင်ကျင်မီးအလင်းရောင်ခပ်မှိန်မှိန်၏အကူညီဖြင့် မှိန်ပြစွာလင်းနေသည့်ထမင်းစားခန်းထဲ၌ စကားသံများကိုယ်စီပျောက်ရှ၍ နှုတ်ဆိတ်နေကြသည်မှာ အချိန်တစ်ခုကြာမြှင့်နေပြီဖြစ်သည့်တိုင် စကားလမ်းစရှာမရသည်အထိ လေထုသည်အေးစက်လွန်းနေမြဲဖြစ်သည်။

အငွေ့တထောင်းထောင်းထနေသည့်ကော်ဖီခွက်လေးသည် တဖြေးဖြေးအေးစက်စပြုလာခဲ့သည်။ ခက်ရင်းခွဖြင့်ကြက်ဥအနှစ်အားထိုးဆွနေသည့်haruaသည်စိတ်အလိုမကျခြင်းအား တိတ်တဆိတ်ဖော်ပြနေသည်။

အရာမယွင်းသေးသည့် harua၏ရှေ့မှ ဟင်းခွက်များနှင့်ထမင်းပန်းကန်ကြောင့် မျက်နှာခြင်းဆိုင်တွင်ထိုင်နေသည့်joသည် harua၏မျက်နှာလေးအားငေးကြည့်ရင်း တိတ်တဆိတ်သက်ပြင်းခိုးချမိသည်။

" တောင်းပန်ပါတယ် ..Rua ''

ထမင်းစားခန်းကျဉ်းလေးထဲရှိလေထုထဲသို့ခပ်မြန်မြန် တိုးဝင်၍ပြန့်လွင့်သွားသည့်ညည်းတွားသံ၏နောက်တွင် ထမင်းစားခုံအောက်တွင်ဝှက်ထားသည့် harua၏လက်ဖဝါးတစ်ဖက်သည် ခပ်တင်းတင်းဆုပ်မိသွားပြီး ကြက်ဥအနှစ်အားအကြောင်းရင်းမဲ့စွာတိုးဆွနေမိသည့်ခက်ရင်းခွကိုင်ထားသည့်လက်တဖက်သည် လှုပ်ရှားမူများရပ်တန့်သွားသည်။

haruaသည်မျက်နှာချင်းဆိုင်မှ တောင်းပန်စကားသံတိုးလျလျအား တီးတိုးစွာရေရွတ်လာသည့်အသံပိုင်ရှင်ထံသို့ ငဲ့ကြည့်၍မျက်ဝန်းချင်းဆုံဆည်းစေလိုက်သည်။

" ကျွန်တော်ကြားချင်တာ ဒီစကားမဟုတ်မှန်း
အစ်ကိုလည်းသိတာပဲ။ "

𝙳𝚎𝚊𝚛..𝙼𝚢 𝙻𝚘𝚟𝚎 ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now