Part _2

167 31 11
                                    

6month later....

ညနက်၏အေးစိမ့်စိမ့်လေထုသည် ပတ်ဝန်းကျင်သို့ရစ်နွယ်၍လွှမ်းခြုံထားသည့်တိုင် ပွဲတော်ရက်ဖြစ်သည်ကြောင့် လမ်းမတစ်လျှောက်တွင် ဖြတ်သွားဖြတ်လာသူများနှင့် ပျားပန်းခတ်မျှစည်ကားနေဆဲဖြစ်သည်။

ဝါကျင်ကျင်လမ်းမီးတိုင်လေးများထွန်းထားသည့်လမ်းသွယ်လေး၏ တနေရာ၌ ခပ်သွက်သွက်လှမ်းနေခဲ့သည့်ခြေလှမ်းများအားရပ်တန့်လိုက်မိသည့် Ruaသည် မေ့လျော့နေမိသည့်တစ်စုံတစ်ရာအား သတိတရဖြစ်မိဟန်တူသည်။

" အာ.. သွားပါပြီ"

အာမေဍိတ်သံခပ်တိုးတိုးလေးအားနှုတ်ဖျားလေးမှရေရွတ်ခဲ့ပြီးနောက် နဖူးပြင်အား လက်ဖဝါးလေးတဖက်ဖြင့်ခပ်ဆတ်ဆတ်ရိုက်ပုတ်လိုက်သည့်Ruaသည် လိုအပ်သည့်အသုံးဆောင်ပစ္စည်းများဝယ်ထည့်လာသည့် convenience storeမှအိတ်ကလေးအား ကျစ်နေအောင်ဆုပ်ကိုင်၍ အိမ်ပြန်လမ်းသို့ခပ်သွက်သွက်ပြေးရတော့သည်။

အိမ်တံခါးအားခပ်မြန်မြန်ပင်တွန်းဖွင့်၍ နံရံပေါ်မှနာရီလက်တံများဆီသို့ငေးကြည့်မိသည့်အခါ ည12နာရီ15minကိုပင်ရောက်နေပြီမို့ လက်ထဲမှအထုပ်အပိုးများအား ဧည့်ခန်းတနေရာ၌ ပြီးစလွယ်ပစ်ချထားခဲ့ပြီး အိပ်ခန်းထဲမှဖုန်းရှိဆီသို့ပြေးရတော့သည်။

ဖုန်းscreenထက်မှမြင်နေရသည့် စာများနှင့်ဖုန်းကောလ်များကြောင့် ပြေးလွှားလာခဲ့ရရ၍မောဟိုက်နေဆဲဖြစ်သည့်ရင်အစုံကိုပင် ပို၍ဆို့နင့်သွားစေသယောင်ခံစားလိုက်ရသည်။

" သွားပြီထင်ပါတယ်.. မစ်ကောလ်ကအခါ20တောင်! "

နဖူးပြေပြေလေးပေါ်၌ဝဲကျနေသည့် ဆံနွယ်စများအားလက်ချောင်းများဖြင့်ထိုးဆွ၍ ခပ်ကြမ်းကြမ်းဆွဲဖွပစ်လိုက်မိသည့်Ruaသည် ဖုန်းscreenအားငေးကြည့်ရင်းဖြင့် အတွေးများနေခဲ့သည်။ စိတ်ကောက်နေတော့မည့်သူဆီသို့ အကြောင်းပြချက်သွားပေးမိလျှင် ပိုဆိုးသွားနိုင်သည်မို့ မျက်နှာချိူသွေးရန်သာရှိတော့မည်ထင်ပါသည်။

"ဟူး.."

သက်ပြင်းငွေ့ငွေ့ချ၍ လေပူများအားမှုတ်ထုတ်လိုက်ပြီး ဖုန်းပြန်ခေါ်ရန်ပြင်ဆင်လိုက်ချိန်တွင် အချိန်ကိုက်ဝင်လာသည့်21ကြိမ်မြောက်ဖုန်းကောလ်ကြောင့် လက်ထဲမှဖုန်းကိုပင်အလန့်တကြားဖြင့်လွှတ်မချလိုက်မိစေရန် Ruaအမြန်သတိကပ်လိုက်ရသည်။

𝙳𝚎𝚊𝚛..𝙼𝚢 𝙻𝚘𝚟𝚎 ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now