Extra

150 22 20
                                    

ကြောင်လေးတစ်ကောင်လိုချွဲတတ်ပြီးလိမ္မာတဲ့ကလေးတွေကလည်း.. အဆုံးစွန်ထိအလိုလိုက်ခံရခြင်းကြောင့် ခပ်ဆိုးဆိုးကြောင်ဆိုးလေးတွေအဖြစ်အသွင်ပြောင်းသွားတတ်ပြီး ဆိုးသွမ်းလွန်းသည့် ပုံစံများဖြင့်လည်းပြုစားတတ်ပြန်သေးသည်။

......

" Rua ..ဘာကိုအလိုမကျဖြစ်နေလဲကွာ ! ။ "

ထိန်းနေသည့်ကြားမှခပ်ကျယ်ကျယ်ထွက်သွားသည့်Jo၏အသံကြောင့် ဂျီတိုက်နေသည့်Rua၏ပုခုံးစွန်းလေးများသည် ထိတ်လန့်မူကြောင့်တုန်ရီသွားပြီး တရစပ်ပြောနေသည့်စကားလုံးများမှာလည်း ခပ်တင်းတင်းစေ့မိလိုက်သည့် နှုတ်ခမ်းပါးကြား၌ တိတ်ဆိတ်သွားတော့သည်။

အလုပ်ကိစ္စများဖြင့်stressပိနေသည့်Joသည် စိတ်ပြေလက်ပြောက်ဖြစ်ရန် ပန်းချီကားချပ်များကြားစိတ်နှစ်ထားခဲ့သည့်တိုင် ဘေးနား၌တရစေဂျစ်တိုက်နေသည့်ကောင်လေးကြောင့် အာရုံများပြန့်လွင့်၍ စိတ်ရှုပ်ထွေးလာတော့သည်။

ဆေးသားများစွန်းပေနေသည့်လက်ဖဝါးနှစ်ဖက်အား ပေါင်ပေါ်သို့တင်၍ခပ်တင်းတင်းဆုပ်ထားမိပြီး စိတ်ရှုပ်ထွေးမူများအား Ruaဆီသို့လွှဲမချမိစေရန် အတတ်နိုင်ဆုံးစိတ်ကိုထိန်းချုပ်နေဟန်တူသည်။

" အစ်ကိုခေါင်းကိုက်နေတယ်လေRua ။
ဂျီကျမနေပဲမင်းလိုချင်တဲ့အရာကို ကိုယ့်ကိုထုတ်ပြောပါလားကွာ။ "

ရုတ်တရက်ငြိမ်သက်သွားသည့်Harua၏အမူရာအား ခပ်မြန်မြန်ပင်အကဲခတ်မိလိုက်သည့်Joသည် သက်ပြင်းခပ်ယဲ့ယဲ့ချ၍ Harua၏လက်ဖဝါးလေးအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
သို့သော် ဆိုးလွန်းသည့်ကောင်လေးသည်Jo၏လက်ဖဝါးထဲမှ ဆောင့်ရုန်းသွားပြီး ဝမ်းနည်းရိပ်သန်းနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

" အစ်ကိုကျွန်တော့်ကိုစိတ်ကုန်နေပြီမလား။ "

" ဟမ် ! "

" အစ်ကိုက ကျွန်တော့်ကိုစိတ်မရှည်တော့ဘူးပဲ။
အစ်ကိုနိုင်ငံခြားကပြန်လာပြီးကတည်းက ကျွန်တော့်ကိုမချစ်တော့တာ ။ ငြိုငြင်နေပြီမဟုတ်လား ၊ ကျွန်တော်နဲ့မနေချင်တော့တာလား ။ "

You've reached the end of published parts.

⏰ Last updated: Dec 17, 2022 ⏰

Add this story to your Library to get notified about new parts!

𝙳𝚎𝚊𝚛..𝙼𝚢 𝙻𝚘𝚟𝚎 ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now