Part _3

186 33 20
                                    

[ past ]

မနက်ခင်းရေဒီယိုလှိုင်းမှထုတ်လွှင့်နေသည့်သီချင်းဟောင်းတစ်ပုဒ်၏သံစဉ်များသည် Harua၏အိပ်ခန်းကျဉ်းလေးထဲတွင်ခပ်တိုးတိုးပြန့်လွင့်နေသည်။
အိမ်အပြင်ဘက်မှမိုးပေါက်ကျသံတစ်ဖြောက်ဖြောက်နှင့်အတူရောယှက်နေသည့်သီချင်းသံစဉ်များသည် ပို၍လွမ်းဆွတ်ဖွယ်ကောင်းနေသယောင်..။

အိပ်ယာပေါ်တွင်ငြိမ်သက်စွာလှဲလှောင်းနေသည့်ကောင်လေးသည် ခပ်ထူထူစောင်ခေါက်ထဲ၌လုံးထွေး၍နစ်မြှပ်နေသည်။
မှိူင်းညို့၍အုပ်စိုင်းနေသည့်တိမ်စိုင်တိမ်ရိပ်များကြောင့် မှောင်ရိပ်အနည်းငယ်သန်းနေသေးသည့်မနက်ခင်းသည် ပျင်းရိလေးတွဲစရာအကောင်းဆုံးအချိန်ဖြစ်သည်မို့ စောင်ပုံထဲ၌သာကွေးနေမိသည်။

" ဂျောက် ! "

အိပ်ခန်းကျဉ်းလေးထဲ၌ခပ်တိုးတိုးပြန့်လွင့်နေသည့်သီချင်းသံစဉ်များသည် တစ်စုံတစ်ဦးမှရေဒီယိုခလုတ်အားဖိနှိပ်လိုက်ခြင်းကြောင့် ရပ်တန့်သွားသည်။

စောင်ပုံထဲမှတိုးထွက်၍မကြည့်လျှင်ပင် အနီးနားသို့ရစ်ဝဲလာသည့်ကိုယ်သင်းရနံ့လေးကြောင့် အခန်းထဲသို့Joရောက်လာသည်အားHaruaခန့်မှန်းမိသည့်တိုင် နည်းနည်းလောက်ထပ်၍အိပ်ချင်သေးသည်မို့ မသိချင်ယောင်ဆောင်နေလိုက်သည်။

" Rua..."

"......''

" ကဲ..Ruaအိပ်ယာကထတော့ ၊ အထက်တန်းစာမေးပွဲဖြေရမယ့်ကျောင်းသားက ဒီလိုမျိူးအိပ်နေလို့မရဘူးလေကွာ..။
အချိန်1နာရီကျော်ပဲလိုတော့တယ်လေRua လိမ္မာပါတယ်.. အိပ်ယာထတော့နော် "

ခပ်ထူထူစောင်ခေါက်ကြီးထဲသို့ဝင်၍ခေါင်းအထိလုံအောင်ခြုံထားပြီး ပုစွန်ကွေးလေးလိုဖြစ်နေသည့်ကောင်လေးအား လေသံတိုးဖွဖွနှင့်ချော့မော့၍နိုးနေရသည်။

အထက်တန်းစာမေးပွဲဖြေရမည်ကိုပင် မူလတန်းကလေးစာမေးပွဲသွားဖြေမည့်ပုံစံမျိုးနှင့်စိတ်အေးလက်အေးအိပ်နေနိုင်သည့်Ruaအားကြည့်၍ Joသက်ပြင်းခပ်ယဲ့ယဲ့သာချမိသည်။
ဒီကောင်လေးသည်အခြားသူများနည်းတူ စိတ်လှုပ်ရှားမူ ပူပန်မူများပင်ဖြစ်မနေပဲ အေးတိအေးစက်နိုင်လွန်းနေသည်ကို အံ့သြမိပါသည်။

𝙳𝚎𝚊𝚛..𝙼𝚢 𝙻𝚘𝚟𝚎 ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now