par(1)❤uni

1.2K 59 11
                                    

အထပ်မြင့်ဟိုတည်အကောင်းစား၏ အခန်းတွင်းရှိ
ကုတင်ထက်တွင် ကောင်လေးနှစ်ယောက်မှာ အဝတ်မပါပဲ တစ်ယောက်ကိုတစ်ယောက် ဖက်၍
ကောင်းမွန်စွာနဲ့အိပ်မောကျနေဆဲပေ။

''တီ!!..တီ!!..''

နာရီအလန်းသံကြောင့် ရင်ခွင်ထဲဝင်နေသည့်ကောင်လေးမှာ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လာရာ...

"အားးးး"...

"မင်းကဘယ်သူလဲ"?

ရုန်းကန်လိုက်ရင်း အနီးရှိစောင်ကိုဆွဲကာ သူ့ရဲ့ကိုယ်လုံးလေးကို ဖုံးအုပ်လိုက်မိသည်။ထိုလူသည်
အခြားသူတော့မဟုတ်ပေ ရှောင်းမျိုးဆက်ရဲ့
သခင်ငယ်လေးတစ်ယောက်သာဖြစ်သည်။

ကောင်လေးရဲ့အော်သံကြောင့်ပဲ အိပ်ပျော်နေသည့်
ကောင်လေးမှာလဲ သူ့ရဲ့မျက်လုံးတို့ကိုဖွင့်ကြည့်လာတော့တယ်။သူကတော့ ဝမ်လုပ်ငန်းစု၏ ဆက်ခံသူ ဝမ်ရိပေါ်ပင်။

"ဘာဖြစ်နေတာလဲ"...
ထိုသို့မေးလာရင်းမှ သူသည်လည်းပဲ သတိပြန်ကပ်ကာ "မင်းကရော ဘယ်သူလဲဘာလို့ငါ့အိပ်ယာပေါ်ရောက်နေရတာလည်း?.."

*မဟုတ်မှ*..မနေ့ကအကြောင်းတရားများကို
နှစ်ယောက်သားပြန်တွေးမိပြန်သည်။

ဖြစ်ပုံကတော့..

ဝမ်ရိပေါ်ဟာ အရေးကြီး metting ပြီးတော့
လုပ်ငန်းပါတနာတချို့နဲ့ ဘားတစ်ခုမှာ သူ့သူငယ်တွေအပါအဝင် အားလုံးသောက်စားခဲ့ရုံပါ။
ပြီးနောက် သူ့အခန်းရှိရာဆီ ပြန်လာခဲ့တယ်..
အဲ့ဒီနောက်တော့...သူအိပ်စက်မိခဲ့သည်။
သို့သော်..ဝိုးတဝါးမှတ်ဉာဏ်များကြောင့် သေချာမသဲကွဲပြန်။

ရှောင်ကျန့်မှာမူ...
အလုပ်ရသည့်အနေနှင့် သူ့သူငယ်ချင်းနှစ်ယောက်ကို ဘားတစ်ခုမှာလိုက်လံ ဧည့်ခံခဲ့ပြီး..
သူမူးပြီးအိပ်ပျော်သွားခဲ့ခြင်းပဲ..အဲ့ဒီနောက်တော့..

"မဖြစ်နိုင်တာ..." (နှစ်ယောက်လုံးရဲ့ရေရွတ်သံ)

သို့သော်... ရှောင်ကျန့်ရဲ့အောက်ပိုင်းဆီမှ စူးရှသည့်နာကျင်ခြင်းက အသည်းခိုက်မတတ်နာကျင်နေသည်ဆိုတာပဲ။
နောက်ပြီးတော့.. အိပ်ယာခင်းစတွင် စွန်းထင်းနေသည့် သွေးများကြောင့်..ရှောင်ကျန့်မှာမျက်လုံးအပြူးသားရှိပြန်သည်။

It's youWhere stories live. Discover now