par(3)uni

309 17 1
                                    

အခု မျက်လုံးကိုအားယူပြီးဖွင့်ကြည့်နေပေမဲ့ ရှောင်ကျန့်ရဲ့ မျက်ဝန်းတွေကလေးလံနေဆဲပဲလေ။
သူ့နားထဲကြားနေရသည့် အသံများမှာ နံရံပေါ်တွင်
ရွေ့လျားနေသည့် နာရီ၏လက်တံရွေးလျားခြင်းပဲဖြစ်သည်။

ချက်ချက်..ချက်ချက်..ချက်ချက်..ဟူသည့်အသံသာ သူ့နားထဲကြားနေရသည်။

''ကျွီးးး...''

''ဂျက်...''

တံခါးဖွင့်ဝင်လာပြီးနောက်..တံခါးအားသေချာပြန်ပိတ်ခဲ့သည့်အသံ..

''နှစ်ရက်ရှိပြီ ကျန့်ကျန့်...မင်းသတိပြန်ရသင့်နေပြီ
ကိုယ်မင်းကို အရမ်းစိတ်ပူနေတာကိုရော မင်းသိရဲ့လားကွာ။''

ထိုသို့ပြောပြီးနောက်...
ရေဇလုံထဲသို့အဝတ်သန့်သန့်တစ်ခုကိုနှစ်ပြီး
ရေသေချာပြန်ညှစ်ကာ ရိပေါ် ရှောင်ကျန့်ရဲ့လက်ဖမိုးလေးမှစ၍ ရေပတ်တိုက်ပေးနေခြင်းပါ။

အေးစက်တဲ့ အဝတ်စိုစိုရဲ့အထိအတွေ့ကြောင့်..
ရှောင်ကျန့်မှာ အစပိုင်းမှာ လန့်သွားမိပေမဲ့..
အသံတော့မထွက်ခဲ့ပေ။

"ခင်ဗျားလေးကအရမ်းခေါင်းမာတယ်..ကျန့်ကျန့်။
ဘာလို့ ဝမ့်ကိုမချစ်နိုင်ရတာလဲ။ငယ်ငယ်ကတည်းက ဝမ်ဆိုတာက ခင်ဗျားလေးကိုပဲ ချစ်ခဲ့ဖူးတဲ့လူပါဗျ။
ခင်ဗျားလေး အိမ်တော်ကထွက်ပြေးခဲ့စဥ်ကတည်းက နေ့တိုင်းရှာဖွေနေရတာကိုရော ခင်ဗျားလေးကသိပါ့မလား။
ပြီးတော့... စေ့စပ်ပွဲက ဝမ်နဲ့စေ့စပ်တာမဟုတ်ဘူး
ဝမ်ရဲ့ဝမ်းကွဲ အမနဲ့ခင်ဗျားလေးရဲ့ဝမ်းကွဲအကိုနဲ့ကို
လူကြီးတွေက စီစဥ်ပေးခဲ့ကြတာ။
ခင်ဗျားလေးကအထင်လွဲပြီးအိမ်တော်ကနေထွက်ပြေးသွားခဲ့တာ..အရူးလေးပဲ။
အဟက်..အသည်းမာလှတဲ့ ခင်ဗျားလေးကြောင့်
ဒီလူမှာရူးမတတ် ဖြစ်နေရပြီနော်။
ဘယ်လိုလုပ်ရမလဲ... မကြာတော့တဲ့အချိန်မှာ
ခင်ဗျားလေးရဲ့ကိုယ်ပွားက လောကထဲရောက်လာရတော့မှာမို့ တွေးကြည့်ရင်းနဲ့ ဝမ်းသာမိတယ်။
စိတ်ချပါ..ခင်ဗျားလေးမချစ်နိုင်လဲနေ ဝမ်ဆိုတာက ခင်ဗျားမှခင်ဗျားဖြစ်နေစေရမယ်..ရှောင်ကျန့်ရ။ခင်ဗျားက..ဝမ်ရိပေါ်ရဲ့အပိုင်ပဲဖြစ်စေရမယ်။"

သူ့အနားမှာနေပြီးသူ့ကိုဘယ်လိုပဲပိုင်ဆိုင်ရပိုင်ဆိုင်ရ ပြောနေတဲ့ ဒီအချစ်ရူးသမားကြီးကို ရှောင်ကျန့်
ရိုက်နှက်ပစ်ချင်သည်အထိ စိတ်ဆိုးနေမိတာတော့အမှန်ပင်။
သူ့ကိုလည်းရှာနေတယ်ပြောပြီး..ဟိုအစစ်မနဲ့ ရှုတ်ထားတဲ့ပြသနာကကြ ခွင့်လွှတ်ချင်စရာကြီး..
မသိဘူး..ဝမ်ရိပေါ်ကို မုန်းတာပဲသိတယ်။

It's youWhere stories live. Discover now