par(6)

214 15 0
                                    

ရှောင်းကျန့် ဆေးရုံကဆင်းပြီးသိပ်မကြာခင်မှာပဲ
ဝမ်ရိပေါ်ဟာ ဟန်လုပ်ငန်းစုကို wang groups ဟူ၍ပြောင်းလဲခဲ့တော့သည်။

သူ့ရဲ့ Company ကိုလည်း အရင်ကထက်
တိုးတက်အောင် စီမံအုပ်ချုပ်နိုင်ခဲ့သလို သူသိပ်ချစ်ရတဲ့လူသားလေးနဲ့ရင်သွေးလေးကိုပါ ဂရုစိုက်မှု့တွေပေးဝေခဲ့ရှာတယ်။ဒါပေမဲ့ ပျော်ရွှင်စရာတွေ
အမြဲတမ်းရှိနေရင် လောကကြီးက လက်ခံနိုင်မယ်မထင်ဘူး။ဒါကြောင့် အေးချမ်းနေတဲ့သူတို့ရဲ့ဘဝလေးထဲဝင်ပြီးတော့ သူတို့နှစ်ဦးအား သောကပန်းကုံး ကိုယ်စီစွပ်ပေးခဲ့ပြန်တယ်။

ရှောင်းကျန့်ရဲ့ကိုယ်ဝန်ကလရင့်လာတာနဲ့အမျှ
သူ့ရဲ့မှတ်ဉာဏ်များမှာ တဖြည်းဖြည်းနဲ့ လျော့နည်းလာရရှာသည်။

''မား...ကျွန်တော့်ဗိုက်က ဘာလို့လှုပ်နေသလိုကြီး
ခံစားနေရတာလဲဟင်။''

အရင်ကဆိုရင် သူ့ရဲ့မားကသူ့အပေါ် မကောင်းဘူးလို့သူ့ဘက်ကမြင်ခဲ့ ထင်ခဲ့မိပေမဲ့ ခေါင်းထိခိုက်ပြီးသူရောဂါစဖြစ်ကတည်းက ရှောင်းမားကသာ ဂရုစိုက်ပေးခဲ့ရှာတာ။
သူထင်နေတဲ့မားက လက်ရှိသူတို့အိမ်တော်ရဲ့ အိမ်တော်ထိန်းကြီးကိုပါပဲ။
ရှောင်းကျန့်ရဲ့စိတ်ထဲကမိသားစုအတိုင်း ရှောင်းမားကအိမ်တော်ထိန်းကိုအကူအညီတောင်းခံကာ
သူ့သားအနီးမှာနေစေခဲ့ခြင်းသာ။

''ကျန့်ကျန့်ရဲ့ဗိုက်ထဲမှာ ဒီအရွယ်ကလေးလေးရှိနေလို့ပေါ့ ဒါကြောင့်လှုပ်နေတာ။''

''ဟမ်း...ကလေး ဟုတ်လား။
မဖြစ်နိုင်တာ... မယုံဘူးဗျာ။ ခွဲပြီးကြည့်ရင်ရော..''

''ပေါက်ပေါက်ရှာရှာသားရယ် ဗိုက်ကိုခွဲလိုက်ရင်
ကလေးကအသက်မရှင်ပဲနေမှာပေါ့ဟယ်။
မလုပ်ရဘူး...မားတို့ထမင်းစားရအောင် လာခဲ့လာ။''

''မစားချင်ဘူး... တော့ပိုကီအစပ်စားချင်တာ အဲ့ဒါဝယ်ကျွေး။''

TVကို လက်ညှိုးထိုးကာ ထိုကအစားအသောက်
များအားလက်ညှိုးညွှန်ရင်း ပူဆာနေတဲ့ကောင်လေးမှာသူ့မှာကိုယ်ဝန်ကြီးနဲ့ဆိုတာကို သတိမရတော့တဲ့အထိပါ။

''မားရဲ့သားအတွက် မားကကိုယ်တိုင်လုပ်ကျွေးမှာပေါ့ အခုတော့ ထမင်းအရင်စားရအောင်နော်ပြီးရင်မားကိုယ်တိုင် တော့ပိုကီလုပ်ပေးမယ် ok.''

It's youWhere stories live. Discover now