par(5)uni

308 21 0
                                    

ဟန်လုပ်ငန်းစု၏ ငှာနချုပ်တွင်...

"ဟဲ့ကြည့်စမ်း အလုပ်သင်လေးက Ceoနဲ့လိုက်လာတာပဲ။"

"ဗိုက်လေးတောင်စူလာသလိုပဲနော်...ငါအူယားလိုက်တာ။"

"နင်ကလဲ...သူတို့နှစ်ယောက်ကိုလိုက်တယ်လို့မထင်ဘူးလား။ငါ အားကျလိုက်တာ။"

ထိုစဉ်...
"ငမ်းမနေကြနဲ့ နင်တို့ရဲ့အောက်မေးတွေပါပြုတ်ကျနေပြီထင်တယ်။ အလုပ်ကိုအာရုံစိုက်ထားကြ ပြုတ်စော်နံနေတာကို ဒီကလေးမတွေမသိကြဘူးနော် အဲ့ဒီမှာဘာလုပ်နေကြတာလဲ ဟမ်း။"

"ဟီးဟီး...တာဝန်ခံကြီး နောက်မလုပ်တော့ပါဘူး။
ကတိ.."

"မလိုချင်ဘူး..အခု ကိုယ့်အလုပ်နေရာ ကိုပြန်ကြ။"

ရှစ်အယ် စိတ်ပေါက်ပေါက်နဲ့သူ့အားအခွက်ပြောင်နေသည့် ကောင်မလေး အုပ်စုကို ပိတ်ဟောက်လိုက်မှ အလုပ်နေရာကိုယ်စီသွားကြတော့တယ်။

"တာဝန်ခံကစိတ်ပုပ်လိုက်တာ..ဟွန့်။"

"ဟုတ်ပါ့..နော်"

"အဲ့ဒါကြောင့် သူလင်မရတာ..နေမယ်။"

"ပါးစပ်တွေပါ တပါတည်းပိတ်သွားကြအုံး ငါ့အကြောင်းအတင်းတုတ်မသွားနဲ့ အလိုက်ကန်းဆိုးကိုမသိတဲ့မိန်းကလေးတွေ အဲ့ဒါကြောင့်လင်မရကြတာဖြစ်မယ်။"

"ကြည့်စမ်းငါတို့စကားနဲ့ငါတို့ကိုပြန်ထိုးသွားတယ်။
မလွယ်တဲ့ အဘွားကြီး။"

"ဒီနေ့..
နင်တို့တွေ ရုံးစောစောဆင်းဖို့မကြိုးစားနဲ့.."

ရှစ်အယ်လည်းစိတ်ဆိုးဆိုးနဲ့သူ့လက်အောက်ငယ်သားများကိုအပြစ်တင်ကာ သူ့ရုံးခန်းရှိရာဆီဝင်လာလိုက်တယ်။

.
.
.

"လောင်ကုန်း metting ပြီးပြီလား.."

"အင်း..."

"ဒါဆိုရင် ဆေးရုံသွားတော့မလား။"

ချိုသာတဲ့အမေးစကားလေးကြောင့်...
"ခဏနေရင်းသွားမယ်လေအချစ်..အခုတော့
ကိုယ်ခဏလောက် နားလိုက်ဦးမယ် မကြာဘူး
ငါးမိနစ်လောက်ပါပဲ။"

"ဘာဖြစ်လို့.. နေမကောင်းဘူးလား လောင်ကုန်း။"

"မဟုတ်ဘူး အချစ်.."
ထိုသို့ပြောပြီးရှောင်ကျန့်ထိုင်နေတဲ့ဆိုဖာခုံဘေးရှိလွတ်တဲ့နေရာတွင် ဝမ်ရိပေါ်လှဲအိပ်လိုက်ပြီးရှောင်ကျန့်ပေါင်ကို ခေါင်းအုံးထားတော့သည်။

It's youWhere stories live. Discover now