par(13)

94 2 0
                                    

မနက်မိုးသောက်ချိန်တွင်အိပ်စက်နေကြသည့်ဝမ်စုံတွဲမှာ အိပ်မက်ကမ္ဘာထဲတွင် ပျော်ရွှင်နေကြပေမဲ့ ဝမ်ရိပေါ်ရဲ့ဖုန်းသံက အခန်းထဲတွင် ဆူညံစွာထွက်ပေါ်လာတော့သည်။

📞..📞...📞

''လောင်ဝမ် ဖုန်းလာနေတယ်...''

ရှောင်းကျန့်ရဲ့အသိပေးတဲ့စကားကြောင့်
ဝမ်ရိပေါ်မှာ ရင်ခွင်ထဲမှချစ်ရသူအားခပ်တင်းတင်းဖက်ရင်းနဲ့ပဲ ကုတင်ဘေးကဖုန်းတင်ထားသည့်နေရာအားဖုန်းကို လက်ပြန်စမ်းယူ၍ ဖြေဆိုလာတော့တယ်။

.📞''.hello...''📞..

တဖက်မှ..

📞..''မင်းရဲ့ကလေးကို အသက်ရှင်ရက်ပြန်လိုချင်ရင် ငါခိုင်းတာလုပ်ပေးရမယ်
ဝမ်ရိပေါ်။''

''ဘာပြောတယ်... ခင်ဗျားကအရူးလား
ကျုပ်သားကို ခေါ်သွားရအောင် ကျုပ်ကအနုံငအမဟုတ်ဘူး။ခင်ဗျား ကလေးမှားနေပြီထင်တယ် ကျုပ်သားကအိပ်နေတာများသိုးလို့။''

''မနေ့က မုန့်ဆိုင်မှာငါမင်းကလေးကို လဲယူလာခဲ့တာ ဝမ်ရိပေါ်ရ။ဟားဟားဟား။''

ဝမ်ရိပေါ်လည်း အိပ်နေရာမှအမြန်ထကာ
သူ့ကလေးအိပ်ပုခက်နားရောက်သွားတော့တယ်။
ပုခက်ထဲက ယွင်ဝမ်လေးမှာချိုလိမ်လေးနဲ့
ကောင်းမွန်စွာ အိပ်စက်နေလေရဲ့။

'ငါ့ကလေးကရှိနေပါတယ် ဒါဘယ်ကောင်လက်ကမြင်းပြီးငါ့ဆီဖုန်းဆက်နေပါလိမ့်။
တောက်စ်..'

''လောင်ဝမ်...ဘာဖြစ်လို့လဲ''

အိပ်ချင်မူးတူးနဲ့ ရှောင်းကျန့်မှာ ဝမ်ရိပေါ်ကိုကြည့်ရင်းမေးလာသည်မို့..

''ဘာမှမဟုတ်ဘူးကျန့်..ပြန်အိပ်ကြစို့။''

''အင်း''

ယူဘင်းနဲ့ယူရှောင်း မောင်နှမနှစ်ယောက်မှာ ပြန်ဆုံကြတာမကြာသေးပေမဲ့ ဒီမနက်ခင်းမှာပဲ ဝမ်စုံတွဲအား ဖုန်းဖြင့်စနောက်ခဲ့ပြီး ကျိတ်ခွီးနေကြသည်မှာ အူနာမတက်။

''ဖွီး...''

''ဖူး...''

''ကောကလည်း ညီမလေးကိုကော်ဖီတွေစင်ကုန်ပြီ ညစ်ပတ်အိုးကြီး။''

''ငါ့မျက်နှာကရော မပေလို့လား သွားမတိုက်ရသေးတဲ့နင့်ရဲ့အာပုပ်နံ့တွေက ​​​ေထာင်းခနဲပဲ မူးပြီးမသေတာ ငါအတော်ကံကောင်းနေပြီ အရူးမ။''

You've reached the end of published parts.

⏰ Last updated: Oct 05, 2023 ⏰

Add this story to your Library to get notified about new parts!

It's youWhere stories live. Discover now