*188* ငါကအပျက်ဖြစ်နေလို့လား

6K 1K 38
                                    

ယင်သခင်မကြီးက သူ့ကို မိတ်ဆက်ပေးလိုက်သည်။
"သူက ရဲ့အာနဲ့ ယိအာတို့ရဲ့ သူငယ်ချင်းတစ်ယောက်ပါ"

ယင်ဟော့ယောင်က ရုန်ယိကိုယ်ကို မေးလာသည်။
"ဘာလို့ သူတို့လက်ထပ်လို့မရဘူးလို့ ပြောတာလဲ"

"ကလေး....ကျင်းရဲ့က ချီလန်ကို သဘောမကျဘူးလေ ချီလန်ကလည်း သူ့ကို ညီလေးတစ်ယောက်လိုဘဲ သဘောထားတာ.. သူတို့ကြားမှာ လက်တွဲဖော်တွေလိုခံစားချက်မျိုးမရှိဘူး.. ဘာလို့ သူတို့အချင်းချင်းလက်ထပ်ဖို့ တွန်းအားပေးရမှာလဲ"

ယင်ဟော့ယောင်က လှောင်ရယ်သံတစ်ချက်ပြုကာ သူတို့အနည်းငယ်သာကြားနိုင်အောင် အသံပို့လွှတ်ပြီး ပြောလာသည်။
"မင်းက တစ္ဆေကျင့်ကြံသူတစ်ယောက်နဲ့ ခံစားချက်အကြောင်းပြောနေတာလား.. သူက ခံစားချက်ဆိုတာ ဘာလဲရော နားလည်ရဲ့လား"

ယင်ကျင်းရဲ့ကပေါ့ပေါ့ပါးပါးလေသံနဲ့ဘဲ ယင်ဟော့ယောင်ကို ပြန်မေးလိုက်သည်။
"ကျွန်တော်က ခံစားချက်ကိုနားမလည်ဘူးပေါ့.. ခင်ဗျားကရော.."

ယင်ဟော့ယောင် "....."

[##
ဒီမှာ တရုတ်က  ni လို့ဘဲသုံးတာ
ဒါပေမယ့် ကျင်းရဲ့က သူ့အဖေကို လုံးဝ အဖေလို့မခေါ်တာဆိုတော့ ခင်ဗျား လို့ဘဲ ရေးလိုကျတယ်...]

ယင်သခင်မကြီးမှာတော့ အတော်လေးစိုးရိမ်နေပုံပေါ်နေသည်။
"ရှင်အခုလေးတင် ပြန်ရောက်လာတာကို စကားကို ကောင်းကောင်းမပြောနိုင်ဘူးလား.. သားအဖဆက်ဆံရေးကို ဒီလို မတိုးသာမဆုတ်သာအခြေအနေဖြစ်တဲ့ထိ လုပ်စရာလိုလို့လား"

ယင်ဟော့ယောင်က မျက်မှောင်တွေကြုတ်သွားကာ ယင်ကျင်းရဲ့ကို မေးလာသည်။
"ဒါက မင်းလိုချင်တဲ့ လက်တွဲဖော်မျိုးလား"

ယင်ကျင်းရဲ့က သူ့ကိုပြန်မဖြေ။

ချီလန်က ရုန်ယိကို မေးလိုက်သည်။
"မင်း ငါနဲ့ကျင်းရဲ့ကို လက်ထပ်စေချင်တာ သေချာရဲ့လား "

ရုန်ယိက အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း... ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကြား လုံးဝ မဝင်ပါဘူး"

ရုန်ယိကိုယ်မှာတော့ သူ့နဖူးသူအုပ်ကိုင်ထားရင်းနဲ့ ရုန်ယိကို ခြောက်ပြောဖို့ ထိုစကားတွေပြောခဲ့မိတာကို လုံးဝကို နောင်တရမိနေလေပြီ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now