Chapter-2

157 21 0
                                    


[ပို့ဖြစ်ခဲ့သောစာ]

သို့/ ချစ်ရပါသောရေ....

'ချစ်ရပါသော' ဒီအသုံးအနှုန်းကထူးဆန်းနေ မလားမသိဘူး။
အမှန် စာကိုရေးဖို့ စစဆိုင်းပင်းနေကတည်းက ဆူယောင်းကို 'ချစ်ရပါသော' ဆိုတဲ့အသုံးလေးနဲ့ရည်ညွှန်းဖို့ အစ်မစိတ်ကလေးထက်သန်နေမိတယ် ။
အတူတူရှိစဥ်ကဆို တစ်နေ့တစ်နေ့ ဆူ​ယောင်းမျက်နှာလေးပဲကြည့်ပြီးနေနေခဲ့တဲ့ ဒီအစ်မက အခုတော့ တစ်ခုခုဆိုရင် ဆူယောင်းကိုပဲ 'တ'နေမိပြီး၊ ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်နေရတယ်။
ဒါက ဆူယောင်းကြောင့်ဖြစ်ရတယ်လို့အပြစ်ဖို့တာမဟုတ်ရပါဘူး။
ဒါပေမယ့်လည်လေ တစ်ခါတစ်လေကျတော့ စိတ်ကိိုမာန်တင်းထားရာကနေ ရုတ်တရက်ကြီးတစ်ယောက်တည်းဖြစ်သွားသလိုပဲ။
ကိုယ့်ကိုယ်အားပေးပြီးဖြေသိမ့်နေပေမယ့်၊ ကြိုးစားပြီးနေတတ်အောင်နေနေပေမယ့်၊ မလွယ်ကူလှဘူးဆူယောင်းရယ်။

ဒီလိုစကားတွေပြောလိုက်ရင် ဆူ​ယောင်း စိတ်ခုသွားမှာတော့စိုးမိသား...။
အစ်မအတွက် ဆူယောင်းမစိုးရိမ်ပါနဲ့။
ဒီစကားတွေကိုအစ်မက ရင်ဖွင့်တဲ့သဘောပြောပြတာ။
အစ်မကနေတတ်တာ ဆူယောင်းလည်း သိသားနဲ့မဟုတ်လား။
အခုတော့ ဆူယောင်းမှာခဲ့တဲ့အတိုင်း
ကိုယ်ရောစိတ်ပါပျော်အောင်နေနေတယ်။
ကျန်းလည်းကျန်းမာတယ်။

ဆူယောင်းကိုလည်းယုံတယ်။
တို့တွေ ပြန်ဆုံဖို့နေ့၊လ၊ရက် တွေ​ အဝေးကြီးမှ အဝေးကြီး လိုသေးတယ်ဆိုပေမယ့်
အစ်မက အချိန်တွေကို လက်ချိုးရေပြီး ဒီမြို့လေးဆီဆူယောင်းပြန်လာမယ့်ရက်ကိုစောင့်နေပါတယ်။

နောက်ပြီးဆူယောင်းက ရေခြားမြေခြားမှာတစ်ကိုယ်တည်း​သွားနေနေ ရတဲ့ သူ။ အသွားမတော်တစ်လှမ်း၊အစားမတော်တစ်လုပ်မို့ အစစအရာရာ ဂရုစိုက်ဖို့၊ သတိနဲ့နေဖို့ ကိုလည်းထပ်မှာပါရစေ။

ပြောချင်တာတွေလည်းပြောပြီးပြီ၊ စာလည်းရှည်သွားပြီဆိုတော့ ဒီလောက်ပါပဲ။

ပြန်စာ မျှော်နေပါ့မယ်။

ဆူယောင်းကို လွမ်းနေတဲ့

ဂျူဟျွန်း..။

..................
နွေဦးသည် လေရူးဆော်သွေး၏။
သစ်ရွက်ခြောက်နှင့် မြေမှုန့်နုနုများကျွန်မနဘေးဖြတ်ပြေးသွားလိုက်တိုင်း တစ်စုံတစ်ဦးသည် ကျွန်မ၏အမည်နာမအား ခေါ်လိုက်သည်ဟု ကျွန်မစိတ်ကထင်ယောင်ထင်မှား ဖြစ်၍နေမိသည်။
တောင်းတမိသောခေါ်သံလေးမှာ ကျွန်မမှန်းဆသည်ထက်ပို၍ ဝေးနေပါသေးသည်။
ကျွန်မ ဒယ်ဂူးကိုရောက်နေသော သုံးရက်တာကာလအတွင်း၌ ဂျူဟျွန်းကိုဆံချည်မျှင်ကလေးမျှမမြင်ရသေး၊ အရိပ်ယောင်ကလေးမျှမတွေ့ရသေးပါ။
ဂျူဟျွန်းသည်ပျောက်ချင်းမလှပျောက်နေပါသည်။
ပုန်းချင်းမလှပုန်းနေပါသည်။
ကျွန်မ၏ မျက်စိတဆုံးနှင့် ကျွန်မလက်လှမ်းမီသမျှပတ်ဝန်းကျင်တွင်ဂျူဟျွန်း၏ အငွေ့အသက်များသည်ရောယောင်၍ပင်ရောက်မလာခဲ့ပါ။
ဂျူဟျွန်းကိုကျွန်မစိတ်ဆိုးချင်သည်၊ သို့သော်ကျွန်မသည်သူ့အပေါ်စိတ်ဆိုးပိုင်ခွင့်ရှိသူမဟုတ်ပေ။
ကျွန်မသည် ချစ်သူနှင့်ဘဝရှေ့ရေးကြား၌ ရှေ့ရေးကိုသာရွေးချယ်ကာ၊ ကျွန်မချစ်ရတဲ့သူ၊ ကျွန်မအားသိပ်ချစ်တဲ့သူအပေါ်မငဲ့ကွက်ခဲ့ပဲ ထားရစ်ခဲ့သည်အပြင်၊ မအားလပ်သည့်အကြောင်းပြချက်များဖြင့် အဆက်အသွယ်ပါဖြတ်ထားမိခဲ့သည်။
ကျွန်မသည် ချစ်သူကိုမျက်ရည်ကျအောင်လုပ်ခဲ့သောအမိုက်မသာဖြစ်ပါသည်။

We'll Meet AgainWhere stories live. Discover now