မိုးပြိုပြီ။
မျက်ဝန်းကမ်းပါးစွန်းက မျက်ရည်တွေ
ဗလာသက်သက်စီးကျလာတယ်
ဟင်းလင်းပြင်ထဲ ခိုနားရာရင်ခွင်မရှိ။မျှော်လင့်ခြင်းတွေ အလင်းရောင်လေးဆီပြေးသွားတော့
နောက်ဆုံးခြေလှမ်းမှာ
သမုဒ္ဒရာနက်ထဲ ကျောက်ခဲတစ်လုံးပြုတ်ကျသွားတယ်
ကူကယ်မယ့်သူမရှိ။ကွက်လပ်တွေကို ခဲဖျက်နဲ့ဖျက်လိုက်တယ်
ထင်ရာတွေရေးခြစ်ထားတဲ့စာရွက်ဟာ
ဗလာက ဗလာပါပဲ။မနက်ဖြန်ကလည်း ဒီနေ့လို
ဒီနေ့ဟာလည်း မနေ့ကလို
ဖန်အိုးအလွတ်ထဲ ရွှေငါးလေးသံသရာလည်အပ်ချည်လုံးကိုအစရှာတယ်
ကြောင်တွေဟာပျောက်သွားပြီးရင်အိမ်ပြန်လာတယ်
ယုန်လေးတစ်ကောင်ထွက်သွားပြေးတယ်
ကမ္ဘာကုန်ကျယ်သရွေ့ သူရှာမတွေ့။..................
ပြသနာတွေဖြစ်ပြီးတဲ့နောက် မြို့တော်ဝန်မင်း အကူအညီနဲ့ ကျွန်မ မြို့ကအမြန်ဆုံးထွက်ခွာလာခဲ့သည်။
အရေးပိုင် မင်းကတော်၏ပြောပြချက်အရ ဂျူဟျွန်းဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုလည်း အလုံးစုံသိခဲ့ရသည်။ကျွန်မ ဂျူဟျွန်းကိုသနားသည်။
ကျွန်မ ချစ်ရတဲ့သူဟာ ဘယ်လောက်များ တစ်ယောက်တည်းဒုက္ခတွေရောက်နေလိမ့်မလဲ။
အခုထိလည်း ဘယ်ဆီဘယ်ဝယ် ရောက်လို့ရောက်နေမယ်မသိ။ သေသလား၊ ရှင်သလားလည်းမသိ။
အခြေနေအားလုံးကခက်ခဲတာထက်ပိုနေပြီ။သူပုန်စာရင်းဝင်သွားတဲ့ ဂျူဟျွန်း ကိုလည်း ဂျပန်တွေကဆုတော်ငွေကြေညာထားသည်။
အပ်ချည်လုံးအစရှာနေသလို ကျွန်မမှာလမ်းဆုံးဆုံးပျောက်ခဲ့ရပြီ။
''ဘာဆက်လုပ်မှာလဲ ဆူယောင်း''
ရထားပြတင်းပေါက်မှ အပြင်ဘက်တစ်နေနေရာရာသို့ဦးတည်ချက်မဲ့စွာ ငေးမော မှိုင်တွေနေသောကျွန်မအား ဆွန်းဝမ်ကမေးသည်။
''မသိတော့ဘူး''
''မသိရင်လည်း ဒါလေးတော့စားလိုက်ပါ''
သူက ကြက်ဥပြုတ်တစ်လုံးအခွံခွာပြီးကျွေးသည်။
''မစားချင်ဘူး''
ESTÁS LEYENDO
We'll Meet Again
Fanficတစ်ခါလောက်ဖြစ်ဖြစ် အခွင့်ရှိခဲ့ရင်တော့ မပြောဖြစ်ခဲ့တဲ့စကားတွေ ထိန်းထားခဲ့တဲ့ မျက်ရည်တွေအတွက် သူ့ ရင်ခွင်ထဲတိုးဝင်ပြီး စိတ်ရှိလက်ရှိငိုချလိုက်မိမှာ....။ -Kim Kikoe 15.9.2022