Chapter-6

111 15 2
                                    

ရှုပ်ထွေးနေတဲ့ကြိုးစတွေ ရွက်လွှင့်သွားရင်
ဘယ်နေရာမှာ ကမ်းကပ်နိုင်မလဲ။

ကတိတွေကိုမြေမြှုပ် စိုက်ပျိုးခဲ့ရင်တော့
တစ်နေ့နေ့မှာ ပြန်လာသူကို
သစ်တစ်ပင်က ဝေဝေဆာဆာစောင့်ကြိုနေလိမ့်မယ်။

......................

မိုးဖွဲဖွဲလေးများသွန်းဖြိုးနေသော နံနက်ခင်းသည် သာမာန်ထက်အအေးဓာတ်ပိုကဲနေသည်။
သို့သော်ကျွန်မ ဂျူဟျွန်း၏ကိုယ်ငွေ့လေးဖြင့်နွေးရသည်။
ကျွန်မ၏ဆံနွယ်များကိုညင်ညင်သာသာပွတ်သပ်ဆော့ကစားနေသောလက်ချောင်းလေးများအားခံစားမိ၏။ သူစွတ်နေကျ နိုင်ငံခြားဖြစ်သစ်ခွနံ့ရေမွေးသင်းသင်းလေးသည် ကျွန်မအသွေးအသားများထဲစိမ့်ဝင်လွှမ်းခြုံနေ၏။
ကျွန်မပါးပြင်အပ်ထားသည့်သူ့ရင်ခွင်နွေးနွေးမယ် ဂဏာမငြိမ်သောနှလုံးသားလေး၏တဒုတ်ဒုတ်ခုန်နေသံကို ကျွန်မတိုးကပ်ကာနားစွင့်နေမိ၏။
ဂျူဟျွန်းရဲ့ရင်ထဲမှာ ကျွန်အပေါ်ချစ်တဲ့အချစ်တွေဘယ်လောက်များရှိနေမလဲသိချင်မိသည်။
ကျွန်မသိထားသမျှမလုံလောက်နိုင်သေးဘူးထင်သည်။ ကျွန်မက အလိုကြီးသည်။

''ဂျူဟျွန်း''

ကျွန်မတိုးဖွဖွခေါ်လိုက်သည်။

''အင်း..'' ဟူသောအသံလေးမှာ အိပ်ရေးမဝသောကြောင်ပေါက်ကလေးညည်းတွားလိုက်သည့်နှယ်။

''မနက်ဖြန် ကျွန်မသွားရတော့မယ်''

''အင်း''

ဒီတစ်ခါ သူ့အသံက အပြင်မှာရွာနေတဲ့မိုးစက်တွေနဲ့ထပ်တူကျသည်။

''ဂျူဟျွန်း ကျွန်မကိုလွမ်းနေရတော့မှာ''

''ဆူယောင်းရော မလွမ်းဘူးလား''

''လွမ်းနေမှာ''

သူ့ကိုယ်နွေးနွေးလေးကိုကျွန်မပို၍တိုးဖက်ထားလိုက်သည်။
သူကတော့ ကျွန်မဆံနွယ်တွေနဲ့ဆော့ကစားနေဟန်တူသည်။

''ဆူယောင်းကို အစ်မ ဆွဲထားလို့ရရင်ကောင်းမယ်''

ကျွန်မပြန်မဖြေမိ။

''မသွားပါနဲ့လို့ တားနိုင်ရင်ကောင်းမယ်၊ အစ်မ စိတ်ကိုအများကြီးပြင်ဆင်ထားပေမယ့်၊ မနေနိုင်ဘူးထင်တယ်၊ နေနိုင်မယ်လို့ယုံကြည်ချက်မရှိဘူး ဆူယောင်းမရှိပဲနဲ့''

We'll Meet AgainWhere stories live. Discover now