*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း

5.6K 1K 35
                                    

ရုန်ယိ အခန်းပတ်လည်လိုက်ကြည့်လိုက်တဲ့အခါ ရုန်ယိကိုယ်တစ်ယောက်တည်းသာ ရှိနေ၏။

"ငါ့ဆရာတူအစ်ကိုကြီးရော.."
သူ အလျှင်စလို မေးလိုက်သည်။

ရုန်ယိကိုယ်က သူ့ကို ပြန်မေးလိုက်သည်။
"မင်း နိုးလာတာ အိပ်ရာထဲမှာဆိုတာ မတွေ့ဘူးလား.. မင်းဆရာတူအစ်ကိုကြီးကို တွေ့ခဲ့တာ အိပ်မက်ထဲမှာဆိုတဲ့ အဓိပ္ပါယ်လေ.. ပြီးတော့ ငါကလည်း မင်း သူ့နာမည်ခေါ်နေတာကြားလိုက်လို့ လာကြည့်တာ"

"ဒါပေမဲ့ ခုနက ငါ့မျက်စိရှေ့မှာ သူရပ်နေတာကိုတွေ့လိုက်တာက အရမ်း လက်တွေ့ဆန်လွန်းတယ်"
ရုန်ယိက သူ့နဖူးသူပွတ်လိုက်ပြီး
"ကြည့်ရတာ ငါသူ့ကို အရမ်းသတိရနေလို့ဖြစ်မယ်ထင်တယ်"

ရုန်ယိကိုယ်လည်း ခဏလောက်တွေးပြီးနောက် ပြောလိုက်သည်။
"အာ.. ဟုတ်သားဘဲ.. မင်းဆရာတူအစ်ကိုကြီးက မင်းအတွက် ကျောက်စိမ်းပြားတစ်ပြားပေးထားသေးတယ်.. မင်းရဲ့ သိုလှောင်လက်စွပ်ထဲက အနီရောင်နဲ့တစ်ခု.. မင်း သူ့ကို သတိရရင် ထုတ်ကြည့်ပေါ့"

ရုန်ယိ သူ့လက်ချောင်းပေါ်က လက်စွပ်ကိုကြည့်လိုက်၏။
"ဘယ်လို ထုတ်ရမှာလဲ"

"မင်းရဲ့ ဝိညာဥ်စွမ်းအားကိုသုံး...."

ရုန်ယိကိုယ်ရဲ့ စကားတောင်မဆုံးသေးခင်မှာတင် ရုန်ယိက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီးလေပြီ။

"သူက ငါ့ကို ဘာလို့ ဒီကျောက်စိမ်းပြားပေးခဲ့တာလဲ.. ငါဘာလို့ ဘာမှမမှတ်မိရတာလဲ.. အရင်က ငါ ဒီလို ကျောက်စိမ်းပြားမျိုး ရဖူးလို့လား"

ရုန်ယိကိုယ် "......"

ရုန်ယိက ခေါင်းမော့ကြည့်လာပြီး
"ပြီးတော့ ငါ တုံထန်းက ယင်အိမ်တော်ကိုရော ဘယ်တုန်းတည်းက ရောကျလာတာလဲ.. ကလေးနောက်တစ်ယောက်ကိုရော ဘယ်အချိန်က မွေးပေးခဲ့တာလဲ"

သူ့မှာ ထိုအကြောင်းတွေကို ပြန်တွေးကြည့်ရမှာတောင် ကြောက်ရွံ့မိပေမဲ့ အခု ပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့ သူ့မှတ်ဉာဏ်တစ်ပိုင်းတစ်စ ပျောက်ဆုံးနေတာ တွေ့လိုက်ရသည်။

"ဒါတွေအကုန် ပြီးသွားပါပြီ.. အများကြီးမတွေးတော့နဲ့"
ရုန်ယိကိုယ်က သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။
"ပိုပြီး အိပ်လိုက်ဦး"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now