chapter-7

224 41 1
                                    

wang yibo ခြံထဲကိုထွက်လာလိုက်သည်။ ခြံကကျယ်တာမို့် လမ်းတစ်ပတ်လောက်ပတ်လျှောက်လို့ရလေသည်။  ပါးရဲ့ဥယျာဉ်လေးကို သတိရမိသည်။ အရင်ကဆို ခုချိန်မှာ သူက ပါးရဲ့ခြံထဲမှာ သန့်ရှင်းရေး, ရေလောင်း,ပေါင်းသင် လုပ်နေကျပင်ဖြစ်သည်။ တစ်နေ့လုံးမွန်းကြပ်ခဲ့ရသမျှ ထိုဥယျာဉ်လေးကိုရှင်းလိုက်ရချိန်တွင် ပြေပျောက်သွားတတ်ပါသည်။

ခုတော့ ဒီခြံကကျယ်လွန်းတာတောင် ဥယျာဉ်နဲ့တူတာတစ်ခုမှမရှိပေ။ ညနေက ဟယ်မော့ချန်ဆီကရထားတဲ့ စီးကရက်တစ်ဗူးကို ထုတ်သောက်လိုက်ပါ၏။ မသောက်ရတာအရမ်းကြာနေတာမို့ သောက်ရတာအရသာရှိလွန်းလှသည်။

Zhan geရဲ့အခန်းက မီးမှိန်မှိန်လေးလင်းနေပါ၏။ zhan geအလုပ်တွေမပြီးသေးဘူးထင်ပါသည်။ ဘာကိစ္စတွေပဲ ဖြစ်နေပါစေ...zhan geကသူ့အနားမှာ ရှိနေတာမလို့ စိတ်အေးသက်သာ ရှိရသည်။ zhan geဘာလို့သူ့ကိုကယ်ခဲ့တာပါလိမ့်။ zhan geသူ့ကို အများကြီးခံစားစေချင်တာများလား။ zhan geရဲ့သွေးသား...။ zhan geရဲ့သွေးသားအထိပါသူ့ကိုစောင့်ကြည့်စေချင်တာများလား။

Zhan geရဲ့အခန်းမီးပိတ်သွားလေသည်။ ပြီးတော့ သိပ်မကြာခင်မှာ ခြံထဲကိုထွက်လာတဲ့ zhan geကိုသူတွေ့လိုက်ရပါ၏။ ထိုင်စရာ ဒန်းလေးတစ်ခုသာရှိတာမို့ zhan geကသူထိုင်နေတဲ့နေရာဆီသာ တန်းလာနေပါတော့သည်။

သူ့ရင်ခုန်သံကို သူကိုယ်တိုင်ပြန်ကြားနေရသည်။ zhan geရဲ့မျက်ခုံးတွေ, zhan geရဲ့မျက်လူံးတွေ,zhan geရဲ့နှာတံ, zhan geရဲ့နှုတ်ခမ်းပါးပါးလေးနဲ့မှဲ့လေးအထိ အရာအားလုံးကသူ့ကို ဦးညွတ်စေပါသည်။

" ထိုင်လို့ရမလား "

Zhan geကသူ့ကိုမေးလာသည်မို့ သူနေရာဖယ်ပေးလိုက်ပါသည်။

" ဘယ်သွားမှာလဲ "

" ကျွန်တော် ..."
မတ်တပ်ရပ်လိုက်ပြီဖြစ်တဲ့ သူကအနေခက်စွာ အဝေးကြီးကိုလဲမသွားနိုင်ပါ။ zhan geကသူ့ကိုမော့ကြည့်ရင်း သူ့ဘေးက နေရာလွတ်ကိုပုတ်ပြလေသည်။သူထိုင်ရမှာလား..? Zhan geဘေးမှာထိုင်ရင် ရူးသွားလောက်မှာပဲ။ zhan geသူ့ကို ရင်းရင်းနှီးနှီးမဆက်ဆံခဲ့တာဘယ်လောက်ကြာပြီလဲ။

"ထိုင်လေ"

" ကျွန်တော် ထိုင်လို့ရလား"

Zhan geကသူ့ကိုခပ်စူးစူးမော့ကြည့်လာတာမို့zhan ge ဘေးမှာထိုင်မိသည်။ zhan geဆီက  ထင်ရှူးပင်နံ့လေးရနေသည်။ ထိုအနံ့လေးကတစ်နည်းအားဖြင့် သူ့ကိုစိတ်လုံခြုံစေပါ၏။

Forlorn  (Zaw+uni)Where stories live. Discover now