*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း

5.6K 993 18
                                    

ရုန်ယိကိုယ်ရဲ့ မျက်ဝန်းအောက်ခြေမှာ ထူးထူးဆန်းဆန်းခံစားချက် အရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။ သူ ပြတင်းပေါက်နားသွားကြည့်လိုက်တဲ့အခါ ချီလန်က ခြံဝန်းအလယ်က အဆောင်ငယ်လေးဆီကို ပျံသန်းသွားတာ တွေ့လိုက်ရသည်။

ဒီလူက ဒီကို ရိုးရှင်းစွာဘဲ ကျေးဇူးလာတင်တာတဲ့လား။

ချီလန်က ထိုင်ချကာ သေရည်နှစ်ခွက် ငှဲ့လိုက်ပြီး သူ့ကို အသံပို့လွှတ်ကာ ပြောလာသည်။
"ငါ သေရည်ထဲ အဆိပ်ခတ်ထားမှာကြောက်နေရင်တော့ ဒိ်ကိုလာနေစရာမလိုဘူး"

"ကျွန်တော့်ကို ဒီလိုလာဆွနေလည်း အလုပ်မဖြစ်ဘူး"
ရုန်ယိကိုယ်က ဒီလိုလှမ်းပြောလိုက်ပေမဲ့လည်း ပြတင်းပေါက်ကနေခုန်ထွက်ကာ အဆောင်ငယ်လေးဆီပျံထွက်သွားလိုက်သေးသည်။ ထိုအခါ တမဟုတ်ချင်းဘဲ သေရည်ရဲ့ သင်းပျံလှတဲ့ရနံ့က သူ့ဆီပျံ့နှံ့လာတော့သည်။
"အနံ့လေးက ကောင်းသားဘဲ"

ချီလန်က ခွက်လေးကိုမကာ နှုတ်ခမ်းနားတေ့ထားလိုက်ပြီး
"နှစ်ထောင်ချီမက်မွန်ပွင့်သေရည်..  အရသာကမပြင်းဘဲ ပေါ့ပေါ့လေးဘဲ.. ဒါပေမယ့် အများကြီးမသောက်မိစေနဲ့ မဟုတ်ရင် မင်းမှောက်သွားလိမ့်မယ်"

"နှစ်ထောင်ချီမက်မွန်ပွင့်သေရည်လား.."
ရုန်ယိကိုယ်မှာ အနည်းငယ်စိတ်လှုပ်ရှားသွားမိသည်။ သူတို်ခေတ်သစ်မှာဆိုရင် ဒီသေရည်ခွက်သေးလေးတစ်ခွက်ကိုပင် နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး ငါးဆယ်ကျလေသည်။ ပြီးတော့ ငွေရှိနေရင်တောင်မှဘဲ ဒါကိုဝယ်ချင်တိုင်းဝယ်ယူလို့မရ။ သူတစ်ငုံသောက်လိုက်ပြီးနောက် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ကောင်းလိုက်တာ.. တစ်ကယ်ကောင်းတာဘဲ"

ချီလန်မှာ နှုတ်ခမ်းထောင့်စွန်းလေးကွေးတက်သွားပြီး
"မင်းကြိုက်ရင် များများသောက်ပေါ့"

ရုန်ယိကိုယ်က ခေါင်းခါပြကာ
"ကျွန်တော် မူးပြီးမှောက်သွားလိမ့်မယ်"

"မင်းက တစ်ကယ် သတိကြီးတာဘဲ"

"ကျွန်တော့်မိသားစု ကျွန်တော့်ကို အမြဲပြောနေကျစကားရှိတယ် 'လောဘကြီးတဲ့ပါးစပ်က ကိစ္စကြီးတွေကို ဖျက်ဆီးပစ်တတ်တယ်' တဲ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now