[ Zawgyi ] Ep - 6 { မိတ်ဆွေဟောင်း }

121 5 0
                                    

ဆန်ဘဲ့တောင်...

ဆန်ဘဲ့တောင်ဆိုတာ အရမ်းလည်းမကြီးသလို အရမ်းလည်းမသေးတဲ့တောင်တစ်လုံးဖြစ်သည်။ ဆန်ဘဲ့တောင်က လူ့ပြည်တွင်ရှိသော အရောက်အပေါက်နည်းတဲ့တောင်တစ်လုံးဖြစ်သည်။ ကျောက်တုံးအထပ်ထပ်ဖြင့် မြေမျက်နှာပြင်မညီညာသောကြောင့်တက်ရခက်သည်။ ထို့အပြင် လူသားတွေမဝင်ရောက်နိုင်ရန် အတားအဆီးများစွာ ထားရှိသောကြောင့် မည်သည့်လူသားကမျှ ထိုတောင်သို့လာရန်စိတ်မကူးကြပေ။

ဆန်ဘဲ့တောင်နဲ့ ပတ်သတ်၍ လူ့လောကတွင် ယုံတမ်းပုံပြင်အများအပြားရှိသည်။

တချို့က ဆန်ဘဲ့တောင်တွင် အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေနေတယ်လို့ ပြောကြသည်။

တချို့ကျ ဝိညာဉ်နုတ်စားတဲ့ မိစ္ဆာတွေရှိတယ်ပြောကြပြီး တချို့ကကျ သိုသိုဝှက်ဝှက်နေတတ်တဲ့ နတ်ဘုရားတစ်ပါးနေတယ်လို့ ပြောကြလေသည်။

တကယ်တော့ ဆန်ဘဲ့တောင်တွင် ဘာကြီးကြီးမားမားအရာမှမရှိပေ။ ယုံတမ်းပုံပြင်တွေကတော့ ဘယ်ကနေဘယ်လိုဖြစ်သွားလဲမသိတဲ့ ပုံပြင်သက်သက်တွေသာဖြစ်သည်။

ဆန်ဘဲ့တောင်ရဲ့ပုံပြင်တွေကို နတ်အရာရှိတွေကြားတဲ့အခါ အချင်းချင်းကြိတ်ရီကြသည်က ထုံးတမ်းစဉ်လာတောင် ဖြစ်လို့နေသည်။

တကယ်တမ်းဆန်ဘဲ့တောင်မှာ လက်နက်တိုက်တစ်ခုသာဖြစ်သည်။

အကျဉ်းသားတွေရဲ့ လက်နက်တွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်သည်။

တချို့သောမိစ္ဆာတွေရဲ့ လက်နက်တွေဟာ လက်လွတ်စပယ်ထားလျှင် အန္တရာယ်ဖြစ်နိုင်တာကြောင့် ဆန်ဘဲ့တောင်တွင် အစီအရင်များနဲ့ ထိန်းချုပ်ထားခြင်းဖြစ်သည်။

တောင်ပတ်လည်အတားအဆီးထားခြင်းကတော့ လူတွေကိုမထိခိုက်စေရန်ဖြစ်ပြီး မသမာသူတွေရဲ့ ဝင်ရောက်ခိုးယူခြင်းမှကာကွယ်ရန်ဖြစ်သည်။

ဆန်ဘဲ့တောင်ရဲ့ အတားအဆီးက သာမန်နတ်အရာရှိများအတွက် ချိုးဖျက်ဖို့မလွယ်ပေ။ အဆင့်နိမ့်သောမိစ္ဆာတွေအတွက်ဆို အသက်အန္တရယ်အထိပေးနိုင်လေသည်။

The Greatest yet The Most PainfulWhere stories live. Discover now