ကျယ်လောင်စွာ ပွင့်လာတဲ့တံခါးနောက်မှာ ဒယိမ်းဒယိုင်ဝင်လာတဲ့ ခန္ဓာကိုယ်သုံးခု...
Minghaoကို ကုတင်ပေါ်ဖြည်းညှင်းစွာချပြီးလျှင် Seungminကအလျင်အမြန်ပဲ တံခါးကိုပြန်ပိတ်ကာ ပြတင်းပေါက်တွေကိုပါ သေချာလိုက်ပိတ်နေလေသည်။ အလောတကြီးဖြစ်နေတဲ့ Seungminကြောင့် ChanမှာMinghaoကို နေရာချပေးနေရင်း လှမ်းမေးလိုက်သည်။
" ညနက်သံစဥ်အရှင် ဘာဖြစ်လို့လဲ "
Seungminကနောက်ဆုံးကျန်ရှိနေတဲ့ ပြတင်းပေါက်ကို ချက်ချင်းမပိတ်ဘဲ အပြင်သို့စူးစမ်းကြည့်နေရာမှ Chanရဲ့အမေးကြောင့် လှည့်ကြည့်လာသည်။
" ဒီတစ်ခေါက်တော့ သူတို့တွေ သေချာကြံစည်ထားပုံပဲ လုံးဝလက်မလျော့ဘဲ အနောက်ကနေလိုက်လာကြတယ် သူတို့အရှင့်သားကို အလွတ်ပေးမှာမဟုတ်ဘူး "
Seungminအဖြေကြောင့် Chanမှာဘာမှပြန်မပြောနိုင်။
အမြဲသူ့ကြောင့်ချည်းပဲ....
" ပြီးတော့ အရှင့်သား.... "
Seungminကအပြင်ကို ကြည့်နေရင်း ဆက်ပြောလာသည်။
" ကျွန်တော့်ကို Seungminလို့ခေါ်ရင်ရပါပြီ... စိတ်မပူပါနဲ့ အရှင့်သားရော Minghaoရော ကောင်းကင်နန်းကို အဆင်ပြေပြေပြန်ရောက်မှာပါ "
အပြုံးတစ်ခုနဲ့အတူ ပြောလာတဲ့Seungminက သူ့ကိုနှစ်သိမ့်ပေးဖို့ ကြိုးစားနေပုံရသည်။
" ကျေးဇူးပါပဲ Seungmin "
Seungminကသူ့မူပိုင်အပြုံးလေးနဲ့ တုံ့ပြန်လာပြီး ပြတင်းပေါက်ကိုပိတ်ကာ Minghaoရဲ့ဒဏ်ရာကို ကြည့်ဖို့အနားသို့ လျှောက်လာလေသည်။
" အပြင်မှာ သူတို့တွေနေရာတိုင်းမှာ ရှိနေနိုင်တာမို့ ကျွန်တော်တို့ ဒီမှာMinghaoသက်သာလာတဲ့အထိ ရက်နည်းနည်းတော့နေရမယ်ထင်တယ် "
" ဒါမဲ့Seungmin မင်းရဲ့ရေကန်ကရော "
" အဲ့ဒီအတွက်ဆို စိတ်ပူစရာမလိုပါဘူး ရေကန်မှာ ကျွန်တော့်မယ်တော်ရှိနေပါတယ် "
" လနတ်သမီးလား "
မယ်တော်ဆိုတဲ့ အသုံးအနှုန်းကြောင့် Chanသိချင်စိတ်ပြင်းပြသွားသည်။
YOU ARE READING
The Greatest yet The Most Painful
FanfictionWonwoo: ငါလောဘတက်မိတဲ့တစ်ခုတည်းသောအရာကမင်းပါပဲ...ငါကမင်းနဲ့အတူရှိနေချင်ရုံပါ....အဲ့တာကဘာလို့ဒီလောက်ခက်ခဲနေရတာလဲ.... Mingyu: ဘယ်သူတွေဘယ်လိုပဲမြင်ပါစေ မင်းက ကိုယ့်အတွက်တော့ အကြီးမြတ်ဆုံးနတ်ဘုရားတစ်ပါးပါပဲ.... Soonyoung: မင်းကိုအတင်းတွယ်ကပ်နေမိတာလည်းကိ...