372 29 2
                                    

"ပါးအလုပ်​တွေအဆင်​ပြေရဲ့လား...ကျွန်​တော်တကယ်သွားလို့ဖြစ်ရဲ့လား..."
"မနက်ဖြန်ပဲသွား​တော့မှာကို.."
"ပါးကလဲဖျက်ရပါ​သေးတယ်"
"Emperor ကမင်းမရှိလဲအဆင်​ပြေပါတယ်တဲ့..."
"အာ..ဝမ်းနည်းသွားပီ"

"မနည်းပါနဲ့ကွာ...Korea ရုံးခွဲကသာမင်းကိုလို​နေတာ..ပါးလဲမသွားနိုင်လို့"
"ကျွန်​တော့်တာဝန်သာထားပါ..ကျွန်​တော့်experience ကိုယုံပါဗျ"
"ယုံပါတယ် ကွာ"

Korea ရုံးခွဲ၏တိုးတက်မှုကအလွန်​နှေး​နေတာမို့Harutoကိုဦး​ဆောင်​စေဖို့အ​နေနဲ့ပါးက​စေလွှတ်ခြင်းကလဲသူKorea သွားရခြင်းရဲ့အ​ကြောင်းတစ်ခုဖြစ်သည်...

"Ruto ပါး​ပြောဖူးတဲ့Asahiဆိုတဲ့​ကောင်​လေး​လေ.."
"...ဟိုSunlight restaurants ​တွေပိုင်ရှင်ဆိုတာလား"
"ဟုတ်တယ်အဲ့က​လေး..ဒီ​နေ့​ရောက်လိမ့်မယ်​နော်...သူ့ကိ​နွေး​နွေး​ထွေး​ထွေးဆက်ဆံ​ပေးလိုက်အုံး..ရေခဲမင်းသားလုပ်မ​နေနဲ့"
"ဒါ​ပေမဲ့Oniiကနဂိုကတည်းက​ရေခဲမင်းသားပဲကို"

Airiဝင်​ပြောတဲ့စကား​ကြောင့်မားက
"အဲ့တာ​ပြောတာ​လေ..နင့်oniiက​ရေခဲမင်းသားဖြစ်​နေလို့ဟိုမှာတူတူ​နေရမဲ့သူကို​ကောင်း​ကောင်းဆက်ဆံဖို့​ပြောနေရတာ"

Airiကမားကိုတုန့်ပြန်စကားမဆိုပဲ...harutoပန်းကန်ထဲကိဟင်း​တွေထည့်ပေးရင်း
"ငါ့onii​လေးများများစား​နော်..Oniiနဂိုပုံစံကအ​ကောင်းဆုံးပဲ"

မားက​တော့airiကိုအမျက်​စောင်း​တွေထိုးလို့
Harutoလဲညီမဖြစ်သူကိုကြည့်ရင်းပြုံးမိ​တော့သည်..
"ထူးထူးဆန်းဆန်း.."
"Onii!အ​ကောင်းလဲ​ပြော​ပေးရ​သေးတယ်"
"​အေး​လေဟုတ်ပ..အဲ့oniiမ​ကောင်းဘူး​နော်..သူ့အတွက်​ပြောလဲ​ပေးရ​သေးတယ်​နော"
Harutoကညီမဖြစ်သူကိုပြန်စလိုက်​တော့နှုတ်ခမ်း​လေးဆူလာသည်...

ထမင်းစားပီး​တော့airi ကစိတ်​ကောက်​နေဟန်နဲ့အခန်းထဲဝင်သွားတာမို့...airiအခန်းထဲဝင်သွားရင်း​စောနကစထားတာကိုသွား​ချော့ရ​သေးသည်...
"Oniiမင်းသမီ​လေးoniiကိုစိတ်​ကောက်​နေတာလား"
ပြန်မ​ဖြေဘဲတစ်ဖက်လှည့်သွား​၏

"ငယ်​လေး..onii takoyakiဝယ်​ကျွေးရမလား"
လှည့်မကြည့်ပုံအရဆိုမစားချင်ဘူး​ပေါ့

You're My Lifeblood Where stories live. Discover now