십삼

202 28 17
                                    

"အဲ့တာကြောင့် ငါမင်းကိုပြောတာလေမခွာပါနဲ့ဆို..."
ဓားရှသွားတဲ့လက်ကို ပလာစတာကပ်ပေးရင်းပွစိပွစိဆူမိတော့
"ကိုယ်က မင်းကို ကူညီချင်လို့ပါ..."
"ခင်များလေး ဘာမှမလုက်ပဲ ငြိမ်ငြိမ်နေတာလေးက ပို အကူအညီဖြစ်ပါတယ်ဗျာ..."
"Damနော်"
မျက်စောင်းရွယ်ရင်းစကားဆိုနေသူက စောနက သဝန်တိုပီး‌ေဒါသထွက်နေတဲ့ Haruto နှင့်လားလားမျှမဆိုင်...တကယ်ကို Tiger ➛Kitty ပဲ...

မီးဖိုခန်းထဲပြန်ဝင်လာတဲ့ Yedam နောက်လိုက်လာပြန်တဲ့ Haruto...
"Game သွားဆော့နေ ruto"
"ဟင့်အင်း...Damကိုပဲကြည့်နေမှာ Damကိုပဲကြည့်နေရတာ Game ဆော့ရတာထက်ပိုကောင်းတယ်"
"သ‌ခင်‌ေလးသဘောတော်အတိုင်းပါပဲဗျာ.."

ပထမဆုံးအနေနဲ့ခေါက်ဆွဲကိုပြုတ်ထားလိုက်ပီး...စောနကruto ဓားအထိခံခွားထားတဲ့ကြက်သွန်နီကျု အညှိုးတကြီးထောင်းထားတာရယ် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူရယ်ကို ဆီသတ်လိုက်၏...
"မညော်ဘူးလား ruto.."
"ဟင့်အင်း‌ ညော်ပါဘူး.."

ကြက်သွန်‌ေတွအညိုရောင်သန်းသွားတော့ ဝယ်လာတဲ့ ရေဘဝဲ..ကင်းမွန်..ပြည့်ကြီးငါး...ပုစွန်..ယောက်သွားအချို့နဲ့ကမာတို့ကို ငရုတ်သီးအနှစ်ရယ်ငရုတ်သီးအနှစ်ရယ်နဲ့ရောကာထည့်လိုက်သည်....နှံ့သွားအောင်မွှေပေးနေရ၏
"အားးး ဗိုက်ဆာလာပီ..မွှေးနေတာပဲ..."
"ခနပဲစောင့် ရတော့မယ် "

နှံ့သွားပီးအနံ့လေးမွှေးလာတော့ ရေနဲ့ sausage တွေထည့်ကာ တည်ထားလိုက်ပီး..rutoဓားမထိခင်က ပေါင်းထားသော ဂဏန်းကိုကြည့်လိုက်သည်..
"အွန်း ရ‌ေနပီပဲ..."
"Damအများကြီးလုပ်နေတာလား."
"ပင်လယ်စာခေါက်ဆွဲရယ် ဂဏန်းပေါင်းရယ်... sausage နဲ့‌ကြက်ဥကြော်စားအုံးမလား"
"အွန်း ...စားမယ်"
ခေါင်းလေးငြိမ့်ကာဆိုနေတဲ့သူက ကလေးလေးအလား..

Yedam,လဲ Sausage အချောင်းတွေကို အလယ်မှခွဲကာအဝိုင်းပုံလေးဖြစ်အောင်လုပ်ကာ ကြက်ဥထည့်ကြော်လိုက်သည်...

ကြက်ဥကြော်ပီးကြည့်လိုက်တော့ခေါက်ဆွဲကပွက်နေပီမို့ ဆားနဲ့ပဲငံပြာရည်အချို့ထည့်ကာ အသီးအရွက်တွေအုပ်လိုက်သည်

အသီးအရွက်က တစ်ခြားမဟုတ်ပါဘူး ...မုန်ညင်းတစ်မျိုးတည်းပါ... Haruto လက်ချက်နဲ့မုန်ညင်းသာပါလေသည်...ပင်လယ်စာတွေကတော့ Haruto ကောက်ထည့်လာတာ..

You're My Lifeblood Where stories live. Discover now