십칠

131 22 8
                                    

"ပြန်ရောက်ပါပီ"
"Yedamie ပြန့်ရောက်ပါပီလား?ခနနေ ထမင်းလာစားနော်"
"Nae Hyung "

Korea မြေနဲ့ဝေးကွာခဲ့တာ ၁နှစ်ရှိနေသော်လည်း ကိုရီးယား အစားအစာတို့နှင့်တော့မဝေးကွာခဲ့ပါ  Hyunsukie Hyung ကျေးဇူးတွေ

အမေရိကားကိုရောက်ပီး၃လမှာ Hyung  တို့စီပြောင်းနေခဲ့သည်

Hyunsuk Hyung က Yedam အလယ်တန်းကတည်းက ခင်တဲ့အကို ...

Yedamနဲ့ဆုံသည်နှင့် Hyung က သူနှင့်လာနေစေသည်...အဖေအရိပ်မှာ မနေချင်တဲ့ Yedam ကလည်း  လက်ခံခဲ့၏

Hyunsuk Hyung က profanational photographer တစ်ယောက်ဖြစ်သည်

လွန်ခံ့တဲ့ ၂နှစ်က သူ့ငယ်ချစ်ဦး Jihoon Hyung နဲ့ပြန်ဆုံကာ လက်ထပ်ခဲ့ကြသည်

အဝတ်အစားလဲကာ မီးဖိုခန်းထဲ ဝင်လာတော့ Jihoon Hyungက ကြက်ဥကြော်နေကာ .. Hyunsuk Hyungက  ထမင်းပြင်နေသည်

"ဒီနေ့ရဲ့ menuကတော့ Bibimbap!"

မျက်စိရှေ့က bibimbapပန်းကန်ကို ကြည့်ကာ ဝေ့တက်လာသော မျက်ရည်ကြည်များကို မျက်တောင်ခတ်ကာ သိမ်းလိုက်ပါ၏

သူ သိပ်ချစ်ရတဲ့ Haru ဒီချိန်ဆိုဘာများလုပ်နေလောက်မလဲ ? အသစ်တွေ့နေလောက်ပီလား? သူ့ကိုကော  မေ့လောက်ပီလား ?  ဂျပန်မှာလား ကိုရီးယားမှာလား? နေရောကောင်းရဲ့လား?  Bibimbapကောနယ်တတ်လောက်ပီလား?

"Yedamie အရမ်းတိတ်နေတယ်နော်"
"မဟုတ်ပါဘူး Hyungရဲ့"
"အရသာအဆင်ပြေရဲ့လား"
"ကျွန်တော်တို့ Hyunsukie Hyungလုပ်တာပဲ ကောင်းပီးသားပေါ့ဗျ"

Hyungဟာ မျက်လုံးလေးပျောက်သည်အထိပြုံးသည်..
Hyungကိုအားကျလိုက်တာ  ပတ်ဝန်းကျင်က ဘယ်လိုဖြစ်ဖြစ် သူချစ်တဲ့ကိုပဲ ရွေးချယ်ခဲ့နိုင်သည်လေ

မူကြိုကျောင်းဆရာလေး Park Jihoonကလည်း Hyungကို မူကြိုကလေးလို ဆက်ဆံတတ်သည်...

အခုလဲ Kimchiကို ထမင်းအလုပ်လေးတွေပေါ်လိုက်တင်ပေးနေ‌သည်
"Hyungတို့ကတော့ အားကျအောင်လုပ်နေတာ"
"အွန်း ဟုတ်သားပဲ ...မင်းဒီအရွယ်ထိ relationshipလေးဘာလေးမချိတ်ဘူးလား?"

Relationshipလား သူနဲ့ haruက လမ်းမခွဲရသေးဘူးလေ ခုချိန်ထိ အကျုံးဝင်သေးတယ်မဟုတ်လား?

"မချိတ်ချင်ပါဘူးဗျာ အပူတွေ"
"အမယ်ပြောနေလိုက်တာများ အဲ့လိုပြောတဲ့သူတွေက ရှိနေမှာသေချာသလောက်ပဲ   "

You're My Lifeblood Where stories live. Discover now