183 34 62
                                    

အိပ်ရာထက်မှာYedamတစ်​ယောက်လှဲရင်း..လွန်ခဲ့တဲ့၄လကအ​ကြောင်း​တွေစဥ်းစား​နေမိသည်..

"အငယ်​လေး..ဘာ​တွေစဥ်းစား​နေတာလဲ"

အ​တွေးထဲနစ်​နေတာYeseung hyungဝင်လာတာ​တောင်မသိတဲ့အထိပဲ..

"လွန်ခဲ့တဲ့၄လကအ​ကြောင်း​တွေပါဗျာ"
"ထူထူးခြားခြားဖြစ်ရပ်​တွေရှိတယ်ထင်တယ်..အငယ်​လေးဒီလိုစဥ်းစား​နေပုံအရဆိုရင်"
"ဆိုပါ​တော့ဗျာ..ကျွန်​တော့်ဘဝရဲ့အချစ်ဦးကိုစ​တွေ့ခဲ့တယ်​လေ..."
"Hyungကို​ပြောမပြချင်ဘူးလား..ငယ်လေး​အချစ်ကိုဘယ်လိုလူကသိမ်းပိုက်သွားလဲလို့"

"သူက..ကိုရီးယားမဟုတ်ဘူး.. ဂျပန်ဗျ..​အေးစက် စက်နဲ့အ​ချေ​လေး..သူ့မျက်စိထဲမှာ​လေ..သူ့သူငယ်ချင်း၂​ယောက်ကလွဲပီးဘယ်သူမှမမြင်ဘူးဗျ...ကျွန်​တော့်ကိုလဲသ​ဘောကျတဲ့ပုံမ​ပေါ်ဘူး..ခုထိသူကျွန်တော်ကိုစကား​ပြောတာ၁၅ခွန်းပဲရှိ​သေးတယ်သိလားhyung"

မျက်နှာ​လေးညှိုးကျသွားလိုက်..မျက်လုံးအ​ရောင်​လေး​တွေလက်လာလိုက်နဲ့က​လေး​လေးလို​ပြော​နေတဲ့Yedamကိုကြည့်ရင်းYeseung ဖွဖွရီမိသည်..

အဲ့​တော့သူညီစွာ​တေးက..
"Hyungဘာရီတာတုန်းဗျ..ကျွန်​တော်ကအတည်​ပြော​နေတာကို.."

Yeseung ညီဖြစ်သူ​ခေါင်းကိုပွတ်​ပေးရင်း..
"ဆက်​ပြောပါဗျာ"
"အဲ့တာ​လေ..hyung ကကျွန်​တော့်ကိုကူစဥ်းစား​ပေး..သူနဲ့နီးစပ်​ရေးဘယ်လိုလုပ်ရမယ်ဆိုတာ"

"တကယ်hyungက​ပြောပြရမှာလား"
"အွန်း​ပေါ့"

Yeseung ..Yedam နားနားသို့ကပ်ပီးတစ်စုံတစ်ခုကို​ပြောပြလိုက်​တော့..သ​ဘောကျစွာပြုံး​နေ​လေသည်...

.
.
.
.

ကြာသွားခဲ့တဲ့၄လမှာHarutoနားရတာကိုမရှိခဲ့ပါဘူး..​ကျောင်းသွားလိုက်company သွား​လိုက်နဲ့..

Emperor JPကအရှိန်အဝါအ​တော်ကြီး​ပေမဲ့Emperor Krက​တော့ထင်သ​လောက်မ​ပေါက်..အလုပ်လုပ်ရတာတာမသွားဘူး..

Harutoလဲအ​သေအလဲကြိုးစား​နေရတာ​ပေါ့..
စကားနည်းတဲ့asahiက​တောင်ဆူရတဲ့အထိကြိုးစား​နနေရသည်...

"Ruto..ထမင်းလာစား"
"ခန​နေမှစားလိုက်မယ်"
"လာစားဆိုလာစား"
Harutoလဲစာရွက်​တွေခနချLaptop ကိုပိတ်ကာ..ထမင်းစားခန်းသို့သွားလိုက်သည်

You're My Lifeblood Where stories live. Discover now