Episode 10 (Zawgyi)

30 7 0
                                    

ရင်ခွင်ထဲ၌ ရှိုက်သံမထွက်အောင် ကြိတ်မှိတ်ပြီး ခိုးငိုနေရတဲ့ တိမ်စိုင်..။

၁၀မိနစ်လောက်ကြာအောင် ငိုခဲ့ပြီးနောက် ရင်ခွင်ထဲမှ ပြန်ထွက်လာခဲ့သည်..။ အခုချိန်မှာ တိမ်စိုင်တစ်ယောက် ဘာစကားမှ မပြောချင်သေးချေ..။ ကိုယ့်ရဲ့ အားနည်းချက်ကို သိနေတဲ့သူတစ်ယောက်အရှေ့မှာ ဟန်ဆောင်စရာမလိုတော့ဘူးဆိုတာကိုတော့ သိပေမဲ့ အရှက်ရှိတဲ့လူတစ်ယောက်အနေနဲ့ ရှက်မိသည်..။

ထို့ကြောင့် ရင်ခွင်ထဲမှ ထွက်ပြီးတာနှင့် တိမ်စိုင်တစ်ယောက် ဆက်မငိုတော့ဘဲ မျက်လုံးကိုသာ မှိတ်ထား ပစ်လိုက်သည်..။ မျက်လုံးအောက်နှုတ်ခမ်းက ငိုချင်လွန်းလို့ တလျှပ်လျှပ်နှင့် လှုပ်နေလေသည်..။ နှာဖျားတွေက ကျိန်းစပ်နေသည်..။ မျက်ရည်ပူတချို့က မျက်လုံးထောင့်စွန်းမှ ခေါင်းအုံးပေါ်သို့ စီးကျသွားခဲ့ သည်..။

"တိမ်စိုင်..အိပ်သွားပြီလား.."

"ဟင့်အင်း.."

အံ့သူရိန်မင်းက တိမ်စိုင့်ခါးကို ဖက်ထားလျက် မေး လိုက်သည်..။ အမှောင်ထုထဲမှာ တိမ်စိုင့်မျက်နှာ ဘယ်လိုရှိနေမလဲဆိုတာ ပုံဖော်ကြည့်မိသည်..။ မျက် လုံးတွေက ငိုထားလို့ နီနေမလား..၊ နှာဖျားတွေက ရဲနေလေမလား..။ တိမ်စိုင်ငိုနေတာတွေတော့ ဘာကြောင့်မှန်းမသိ သူလည်း ဝမ်းနည်းရသည်..။ စိတ်မကောင်းလည်း ဖြစ်မိသည်..။

"တိမ်စိုင်..ငါ..အခုချိန်မှာ မပြောသင့်ဘူးဆိုတာ သိပေမဲ့.."

လေသံခပ်တိုးတိုးလေး ပြောလိုက်ပြီး ခါးဖက်ထားသည့် လက်က တိမ်စိုင့်ခေါင်းဆီသို့ ရွေ့လျားလာခဲ့သည်..။

"ငါ..ငါမင်းကိုသဘောကျနေပြီထင်တယ်.."

"ဘာ.."

"ဟုတ်တယ်..မင်းက ယောက်ျားတစ်ယောက်ဆိုတာ သိပေမဲ့..ငါမင်းကို သဘောကျနေမိပြီထင်တယ်.."

တိမ်စိုင့်ပါးပြင်ကို လက်မလေးနှင့် အသာအယာပွတ်သပ်ရင်း ပြောနေမိသည်..။

"ငါက ယောက်ျားလေးတွေကို ကြိုက်တတ်တဲ့သူ မဟုတ်ပါဘူး..ဒါပေမဲ့..မင်းကိုတော့..ဘာလို့မှန်းမသိ.. သဘောကျနေမိတယ်.."

Hello! My CrushWhere stories live. Discover now