"တကယ်တော့..ပြန်ရှာတွေ့တယ်ဆိုတဲ့လူ ၃ ယောက်လုံးကို.. ငါသတ်လိုက်တာ.."
"ဘာ.."
နှစ်ယောက်စလုံးရဲ့ မျက်ဝန်းတွေက အံ့သြထိတ်လန့်သွားကြပြီး ရောင်ခြည့်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေခဲ့ကြသည် ။ သူတို့အံ့သြသွားတာကိုတော့ လက်ခံပါတယ် ၊ ဒါပေမဲ့..ရောင်ခြည့်ကို လူသတ်သမားဆိုတဲ့ အကြည့်မျိုး တော့..မကြည့်စေချင်ချေ..။
"အဲ့ဒါက.."
"ငါတို့နားလည်တယ် ရောင်ခြည်..မင်းရှင်းပြစရာမလိုပါဘူး..မင်းသတ်ခဲ့တယ်ဆိုရင်တောင်..အကြောင်းရှိလို့ပဲပေါ့..သတ်ပစ်ချင်လောက်အောက်ထိ မုန်းလွန်းလို့ပေါ့.. ငါတို့နားလည်ပါတယ်.."
"ဟင်.."
ရောင်ခြည်တစ်ယောက် အံ့လည်းအံ့သြမိသလို ၊ ဝမ်းလည်း ဝမ်းသာရသည် ။
"ဘာကြောင့် သတ်ခဲ့တယ်ဆိုတာကိုလည်း မမေးတော့ပါ ဘူး..ဒါပေမဲ့..မင်း ငါတို့ဆီ ပြန်လာမှာတော့ ကျိန်းသေ တယ်မဟုတ်လား.."
ခပ်အေးအေးလေးပြောလာသည့် အံ့သူရိန်၏စကားကြောင့် ရောင်ခြည်တစ်ယောက် ခေါင်းသာ ခပ်ဖွဖွ ခါပြလိုက်ပြီး-
"ငါကျိန်းသေပါတယ်လို့..ကတိမပေးနိုင်ဘူး သူငယ်ချင်း.. ငါသေဒဏ်လည်း ကျနိုင်သလို..ကံကောင်းရင်တော့ တစ် သက်တစ်ကျွန်းလည်း ကျသွားနိုင်တယ်.."
"ဘယ်လို..အဲ့လောက်ထိတောင်လား.."
မိုးတိမ်စိုင်တစ်ယောက် စိတ်မကောင်းဖြစ်စွာနှင့် မေးလိုက်တော့ ရောင်ခြည်က ခေါင်းသာခပ်ဆတ်ဆတ် ညိတ်ပြကာ-
"အင်း.. ၃ယောက်တောင် သတ်ပစ်ခဲ့တာလေ.."
ရောင်ခြည်တစ်ယောက် ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည် ၊ ဘာလို့ဆို သူကြောင့်နဲ့တော့ သူငယ်ချင်းတွေကို စိတ်မပူစေချင်ပေ ။
"နောက်တရားခွင်က ဘယ်နေ့လဲ.."
"သဘတ်ခါ.."
"ငါတို့ အဲ့နေ့ကျရင် လာခဲ့ပေးမယ်.."
"ဟာ..ရပါတယ်..မင်းတို့သင်ခန်းစာတွေ ပျက်နေလိမ့်မယ်.."
"မင်းကိုမင်းသာ အရင်ဂရုစိုက်စမ်းပါ!! "