*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်

5.4K 1K 35
                                    

ရုန်ယိကိုယ်က ချီလန်ကိုခေါ်ကာ တောအုပ်ထဲကနေ ပျံထွက်သွားလိုက်သည်။

ချီလန်က တောထဲမှာ အခုထိ ရုန်ယိနဲ့ ရုန်ယိကိုယ်တို့ကို ဦးတည်ရာမရှိ လိုက်ရှာနေကြတဲ့သူတွေဆီ အချက်ပြတစ်ခု လှမ်းပြလိုက်သည်။

ရုန်ယိကိုယ်က သူအချိန်မရွေး အသိစိတ်မရှိတော့တဲ့ အရုပ်လိုပြန်ဖြစ်သွားမှာ စိုးတာကြောင့် သူမြင်ခဲ့ရတာကို ချီလန်ကို အမြန်ပြောပြလိုက်သည်။
"ဆရာတူအစ်ကိုချီလန်.. ကျွန်တော်ပြောတာနားထောင်.. သူတို့က ရုန်ယိကို အရှေ့ဘက်ကို တောက်လျှောက်ခေါ်သွားတာ.. အခု တောင်အမြင့်ကြီးပေါ်က အိမ်ကြီးတစ်လုံးထဲ ရောက်သွားကြပြီ။ အိမ်ကြီးရှေ့မှာတော့ စုလန်အိမ်တော်ဆိုတဲ့ နာမည်ပြားချိတ်ဆွဲထားတယ်.. အခုသူတို့က အဲ့ထဲမှာ"

"စုလန်အိမ်တော်!"
ချီလန်မျက်နှာမှာ မည်းမှောင်သွားတော့သည်။
"သူတို့က အဲ့နေရာကိုသွားတယ်ပေါ့"

ရုန်ယိက သူ့ကို တစ်ချက်ကြည့်လာပြီး
"ဟုတ်တယ်.. အဲ့တာ စုလန်အိမ်တော်ဘဲ.. အဲ့ထဲမှာ လန် ဆိုတဲ့စာလုံးပါနေတာ အဲ့တာက ခင်ဗျားနဲ့သက်ဆိုင်နေတာလား"

ချီလန်မှာ ဒေါသထွက်လွန်းတာကြောင့် မျက်ဝန်းတွေပါနီရဲလာတော့သည်။
"အဲ့တာ ငါ့အမေ အနှစ်သက်ဆုံးအိမ်တော်ဘဲ.. အဲ့ကောင်တွေက ဒီလို ညစ်တီးညစ်ပတ်ကိစ္စတွေကို ငါ့အမေသဘောအကျဆုံးနေရာမှာ လာလုပ်ရဲတယ်ပေါ့လေ! ငါ သူတို့ကို အကုန်သတ်ပစ်မယ်!"

သူ ဆရာသခင်ကွေ့ရိနောက်လိုက်ပြီး စတင်ကျင့်ကြံတဲ့အချိန်ကတည်းက ဆရာသခင်ကွေ့ရိက ဒီအိမ်တော်မှာ အဆင့်၉ အစီအရင်တစ်ခု ပြုလုပ်ပေးထားပြီး ဘယ်သူမှ အထဲကို ဝင်ရောက်မဖျက်ဆီးနိုင်အောင် လုပ်ပေးထားခဲ့သည်။ သူ သူ့အမေနဲ့ သူ့မိသားစုကို အရမ်းသတိရတဲ့အချိန်မျိုးမှာမှသာ ဒီကိုလာပြီး အချိန်တစ်ချို့ကုန်ဆုံးလေ့ရှိ၏။

"အိုး.. မဖြစ်ဘူး!"
ရုန်ယိကိုယ်က အမြန်ရပ်တန့်လိုက်ပြီး
"သူတို့မှာ မဟာယာနအဆင့်ကသူ သုံးယောက်တောင်ရှိနေတယ် အကုန်လုံး အဆင့်၈ အထက်ကချည်းဘဲ.. အခုသူတို့က ကျွန်တော်တို့ကို သတ်ပစ်ဖို့ တောထဲကို လာနေကြပြီ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now