-2-(ZawGyi)

293 5 0
                                    

ဟမ် ဟိုနေ့က ကားထဲကလူပဲ သေစမ်းနွေဦးမိုက်လိုက်တာပြောမိတဲ့ငါ့ပါးစပ်က ပြန်ရုတ်သိမ်းမိတယ်
နွေဦး မင်းတဝင်ကိုကြည့်ကာတွေးမိလိုက်တယ်

"သည် သွားမယ် အလကားစိတ်ပျက်စရာလေးတွေကွာ"
အကိုက ကျွန်တော်ကိုခေါ်ပြီး စားသော်ဆိုင်ကြီးထဲဝင်လာခဲ့ကြတယ် ဘယ်လိုလဲ ကျွန်တော့်အကိုစကားအေးတိုင်း လူကောင်းထင်နေတယ်ဟုတ် မထင်လိုက်နဲ့ သူက ကျွန်တော်ထက်ဆိုးဝါးတယ် ခများတို့သိထားသင့်တယ်

ကျန်ခဲ့တဲ့ နွေဦးကတော့
ဘယ်လိုလူတွေလဲကွာ လူမှုမရှိလိုက်ကြတာတော့အမှန်ပဲ
မြန်မာနိုင်ငံကတော့အဆင့်မြင့်နေအုံးမယ်အဲ့လိုလူတွေရှိနေလို့
တကယ်ပါပဲ ကျတော်စိတ်တိုတိုနဲ့ စားသောက်ဆိုင်အပေါက်ဝနားကိုလာကာ ကျွန်တော် တွေးနေမိတယ်
ဘယ်မှာများအလုပ်ရမလဲပေါ့ တကယ်တော့အစောကစားသောက်ဆိုင်ထဲအလုပ်သွားလျှောက်တာပါ မရခဲ့တော့လဲ မတတ်နိုင်ဘူးလေ
အခုမှပြန်တွေးမိတယ် အစောက မှန်ကြောင်ကောင်က သည် ဆိုပြီးဟိုကောင့်ကိုခေါ်သွားတယ် မဟုတ်မှ သည်တဝင်များလား

ကျွန်တော်စားသောက်ဆိုင်ထဲခိုးကြောင်ခိုးဝှက်ဝင်ကာ
သည်တဝင်တို့ထိုင်သည်ဝိုင်းကိုချောင်းကြည့်နေမိသည်
မျက်မှန်နဲ့လူကတော့ကျွန်တော့ကိုကျောဘက်ပေးထားတဲ့ သည်တဝင်ဆိုတဲ့လူကတော့ သူတို့မျက်နှာချင်းဆိုင်ထိုင်နေကြတာပဲ
သူတို့အနားမှာလဲအမဲဝတ်စုံတွေနဲ့ လူသုံးယောက်လောက်မတ်တပ်
ရပ်စောင့်နေကြတယ်
သေချာပါတယ် သည်တဝင်က မျက်မှန်အရှေ့က တယောက်ပဲ
သူတို့ကဘာတွေပါလိမ့် ကျစ် ငါဘာလို့သူတို့အကြောင်းစိတ်ဝင်
စားနေရတာ တော်ပြီ ပြန်တာပဲကောင်တယ်
ကျွန်တော် လှည့်လာလိုက်တော့ လူတယောက်ရင်ခွင်ထဲဝင်ရောက်သွားရသည်ကိုခံစားလိုက်ရတယ် မော့ကြည့်လိုက်တော့ အစောက
သည် ဆိုတဲ့သူပဲ အစောကတင်ဟိုမှပါ
ကျွန်တော်သူဆီကရုန်းနေစဉ်
သူဆီမှကြားလိုက်ရသည်ကား
"မင်းငါ့ကိုခိုးကြည့်နေတာပဲ"တဲ့ ဒီလူမဟုတ်မှအကြားအမြင်တွေပါ
ရနေတာများလားပေါ့

"ခများ ဘာ ဘာတွေလာပြောနေတာလဲ မှားနေမယ် "ဘာပြောရမှန်းတောင်မသိတော့ဘဲယခုလိုသာပြန်ပြောလိုက်တယ်
သူက ကျွန်တော့မျက်လုံးကိုသေချာစိုက်ကြည့်နေတယ်
သူ့မျက်လုံးလေးအရမ်းကြည့်လို့ကောင်းတယ် ကျွန်တော့်ကိုဖမ်းစားနေသလိုပဲ အကြည့်က အရမ်းမိုက်တယ် စူးရှတယ်
"မင်းကလိမ်တာပဲ "ဟုသူ့ဆီမှကြားရသောအသံကြောင့်ကျွန်တော့ မျက်လုံလွဲလိုက်၏
ပီးတော့သူ့ကိုတွန်းလိုက်ကာ
"အရူး"လို့သာပြောပြီးစားသောက်ဆိုင်ထဲကထွက်ပြေးလာမိလိုက်တော့တယ်ဗျ

"သည်"တဝင် Where stories live. Discover now