-3-(Unicode)

506 30 0
                                    

ကဲ အခုကျွန်တော်ပဲအကုန်ပြန်ရှင်းရမဲ့ပုံ
နွေဦး ထိုကွဲနေသော ဖန်ကွဲစတွေကိုပြန်၍ကောက်ကာစုနေသည်
သည် ကတော့ထိုမြင်ကွင်းကိုကြည့်ကာ စိတ်မကောင်းဖြစ်နေ၏
သူကိုယ်တိုင်လဲဘာလိုအဲ့လိုဖြစ်ပြီးခံစားနေရတာလဲနားမလည်နိုင်ဖြစ်နေတယ်

"နွေဦး အဲ့တာတွေပြန်ချလိုက်"
သည် ဖုန်းဆက်လိုက်၏
"ငါ့အခန်းထဲကိုလာရှင်းပေး"ဟုဖုန်းဆက်ပြောကာ လူသုံးယောက်ချက်ချင်းပင်အခန်းထဲသို့ဝင်ရောက်လာသည်
ထိုပွနေသည်အရာအားလုံးကိုရှင်းလင်း၏

"အကိုဗျ ဒီမှာကျန်နေသေးတယ်ဗျ"ဟု ေနွဦးလက်ညိုးထိုးပြသည့်ဘက်သို့ထိုလူများရှင်းသွားကာအခန်းပြင်ပြန်ထွက်သွာ၏

သူ့ဖုန်းကလေ ဘာတွေများလုပ်ထားလဲမသိ သူဖုန်းဆက်လိုက်တိုင်းချက်ချင်းတွေရောက်ချလာတယ် မာဖီးယားများလားရုပ်ကိုကတကယ်တူတာ

"မင်းကိုငါပြောမယ် ခများဆိုတဲ့နာမ်စာ တခြားသူတွေခေါ်လို့ရတယ် ငါ့ကိုတော့လာမခေါ်နဲ့ ပြီးတော့မင်း ငါကလွဲပီး ဘယ်သူနဲ့မှမပတ်သတ်နဲ့ ပြီးတော့ လူတိုင်းကို အကိုအကို အမ လို့လိုက်မခေါ်နဲ့"

အယ် စည်းကမ်းချက်တွေကအလုပ်နဲ့ရောဆိုင်ရဲ့လားမသိ

"ဗျာ ကျွန်တော်က ခများကိုဘယ်လိုခေါ်ရမှာလဲ ပြောပြီးပြီနော် သူဌေးတို့ အကိုသည်တဝင်တို့ လာမခေါ်ခိုင်းနဲ့"

"ဘာ ဘာ ငါ့လာအမိန့်မပေးနဲ့ အကောင်ပေါက်လေး "

"ကျွန်တော်အကောင်ပေါက်မဟုတ်ဘူးနော်"

"အရပ်ကလဲပု လူကောင်ကသေးသေးလေးရယ်ကိုကွာ အရပ်ချင်းတိုင်းမလား "သည်က ဝတ်ထားတဲ့ဖိနပ်ကိုချွတ်ကာ တည့်တည့်ရပ်လိုက်၏

နွေဦးလဲအနိုင်မခံအရှုံးမပေး ဖိနပ်ချွတ်ကာ ခြေအိပ်ပါချွတ်၍ သည်၏ ဘေးနားသို့သွားကယှဥ်ရပ်လိုက်သော်လဲ အရပ်ချင်းက အတော်ပင်ကွာနေ၏ခြေဖျားထောက်လျက်တောင်မမှီ
နွေဦးစိတ်ပျက်လက်ပျက်ဖြင့် ခြေဖျားပြန်ချကာ ဖိနပ်စီရန်ပြန်လာတော့၏

"အား...."နွေဦး ရုတ်တရပ် အော်သံကြောင့် သည် လန့်ကာ နွေဦးအနားအလျင်အမြန်ပင် သွားကာ
နွေဦးကြမ်းပြန်ပေါ်ထိုင်လျက်လဲကျသွား၏.

"သည်"တဝင် Where stories live. Discover now