[1]

1.2K 120 4
                                    

[Unicode]

TMAWNB [ABO] 1 - လမ်းခွဲခြင်း

မတော်တဆမှုတစ်ခုကြောင့် ချူလင်း၏ဘဝသည် လုံးဝပြောင်းလဲသွားခဲ့သည်။ဟိုတယ်မှာ သူ့သူငယ်ချင်းတွေနဲ့ သူ့ရဲ့မွေးနေ့ပွဲကို ကျင်းပတဲ့နေ့မှာပင် ရေချိုးခန်းထဲမှာ မူးယစ်ဆေးသုံး​နေခဲ့တဲ့ ထူးဆန်းတဲ့အမျိုးသားက သူ့ကို အခန်းငယ်ထဲကို ဆွဲသွင်းသွားခဲ့သည်။သူ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ခင်မှာပင် သူ့လည်ပင်းမှာ အကိုက်ခံလိုက်ရ​လေသည်။
ပြင်းထန်ပြီး အကျွမ်းတဝင်မရှိလှသည့် အယ်လ်ဖာဟော်မုန်းများသည် သူ့ဆီသို့ ဝင်ရောက်,ရောက်ရှိလာပြီး ချက်ချင်းပင် သူ့အား ဝန်းရံလိုက်လေသည်။

ချူလင်းသည် အိုမီဂါတစ်​ယောက်ဖြစ်ပြီး တစ်ပတ်အတွင်း သူ့ရဲ့ heat ကာလမှာ ရောက်လာတော့မည်ဖြစ်သည်။သို့ပေမယ့် အကိုက်ခံလိုက်ရတဲ့ ဂလင်းရဲ့ပြင်းထန်တဲ့ လှုံ့ဆော်မှုကြောင့် heat ကာလမှာ စော​ရောက်လာ​လေသည်။ အယ်ဖာနှင် အိုမီဂါပေါင်းစပ်သွားသည့်​ဟော်မုန်းတို့မှာ သေးငယ်သောအခန်းငယ်အတွင်း ပျံ့နှံ့သွားပြီး ပိုမိုပြင်းထန်လာကာ သူတို့နှစ်ဦး၏မူလဆန္ဒကို အဆက်မပြတ် လှုံ့ဆော်ပေးနေ​တော့သည်။
အယ်လ်ဖာကြီး၏ကြီးစိုးပိုင်ဆိုင်လိုစိတ် ပြင်းပြမှုကြောင့် ယာယီအမှတ်အသားပြုခံထားရသည့် ချူလင်းသည် မလှုပ်မရှားနိုင်ဖြစ်နေတော့သည်။ လွတ်မြောက်ချင်သော်လည်း ခုခံရန် ခွန်အားမရှိနေ​ပေ။

"တောင်းပန်ပါတယ် ဒါ မတော်တဆဖြစ်သွားတာပါ။" ထိုလူသည် မတော်တဆ ယာယီအမှတ်အသားပေးလိုက်မှု​ကြောင့် အသိအာရုံ ပြန်လည်ရရှိလာပုံရသည်။သို့ပေမယ့် သူ အဲဒီမှာပင် တန့်မ​နေခဲ့​ပေ။ထိုအစား ချူလင်းကို တောင်းပန်ပြီးနောက် သူ လုံးဝ သတိလစ်သွားခြင်း မပြုမီ အလျားလိုက်ကောက်ချီကာ ဓာတ်လှေကားဖြင့် အပေါ်ဆုံးခန်းသို့ ခေါ်သွားခဲ့သည်။

ချူလင်းသည် သူ့စိတ်ထဲတွင် ဘာဆက်ဖြစ်လာမည်ကို ယောင်ဝါးဝါး သိထားသော်လည်း သူ့ခန္ဓာကိုယ်မှာ heatကြောင့် တုန်ယင်နေပြီး ငြင်းဆိုရန် စကားပင် မပြောနိုင်သောကြောင့် တိတ်တဆိတ်သာ ငိုနေတော့သည်။
ထိုလူသည် ယင်းကို သတိပြုမိပုံရပြီး ပြင်းပြင်းထန်ထန်ဖောက်ထွက်ချင်စိတ်ကို ထိန်းထားကာ သူ့မျက်လုံးထောင့်မှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း အတန်ကြာ ငြိမ်သက်သွားပြီးနောက် ပြောခဲ့သည်။ "ကျွန်တော် ဒါအတွက် တာဝန်ယူပါ့မယ်”

TMAWNB ||မြန်မာဘာသာပြန်||Where stories live. Discover now