[2]

859 93 4
                                    

[Unicode]

TMAWNB [ABO] 2 - သံဝါသပြုခြင်း

 
ချူလင်းအား အမှတ်အသားပြုခဲ့​သော အယ်ဖာမှာ ဟန်ကုဆို​သောသူ ဖြစ်သည်။ ဟန်ကုသည် ယခုနှစ်တွင် အသက် 27 နှစ်ရှိပြီဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် နာမည်ကြီး ကုမ္ပဏီတစ်ခု၏သူဌေးဖြစ်နေပြီဖြစ်သည်။ စီးပွားရေးနယ်ပယ်တွင် သူသည် ခိုင်မာအားကောင်းသော ပုံစံရှိပြီး ပြတ်သားသောသူတစ်ယောက်ပင်။ သူ့ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ခဲ့ပြီး လူတော်တော်များများ၏မနာလိုခြင်းကိုလည်း ခံခဲ့ရသည်။

ချူလင်းနှင့်တွေ့တဲ့နေ့မှာပင် သူ့ကံကြမ္မာဆိုးကြောင့် ဆေးမိသွားခဲ့ခြင်း ဖြစ်သည်။ ဟန်ကု၏တန်ဖိုးကြောင့် သူကိုလိုချင်တဲ့ အိုမီဂါများစွာရှိ​နေသည်မှာ တွေးကြည့်ရန်ပင်မလိုပေ။သို့ပေမယ့် အဲဒီနေ့၌ သူ သန့်စင်ခန်းထဲမှာရှိနေစဥ် ချူလင်းနဲ့ တွေ့ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ သူ့ကို heat ဖြစ်သွားအောင် လှုံ့ဆော်ပေးသလို ဖြစ်သွားခဲ့သည်။ချူလင်းသာမက ဟန်ကု၏ဘဝအစီအစဉ်သည်လည်း အနှီမတော်တဆမှုကြောင့် ပျက်စီးသွားခဲ့ရသည်။

မူလကတည်းက ညအိပ်​ဖော်တစ်​ယောက်နှင့် အိပ်မိလိုက်ပါက သူ့အတွက် ဘာမှမဖြစ်လာနိုင်ပေမယ့် heatဖြစ်သွားတဲ့ အိုမီဂါတစ်ယောက်နဲ့ တွေ့တဲ့အခါမှာတော့ သူ့ကံကြမ္မာကို လက်ခံရပေမည်။

ဟန်ကုသည် ချူလင်း၏ heat ကာလကုန်ဆုံးပြီးနောက် ရက်အနည်းငယ်အတွင်း အရာအားလုံးအတွက် စီစဉ်ပေးခဲ့သည်။ နှစ်ယောက်သား ပေါင်းသင်းဆက်ဆံရေးပိုင်းတွင် အစပျိုးခဲ့ခြင်းမရှိခဲ့​ပေမယ့်လို့ အိမ်ထောင်ပြုရမည့်ကိစ္စက မြန်လွန်းတာကြောင့် လောလောဆယ်မှာ အတူနေဖို့ စီစဉ်ခဲ့၏။ မည်သို့ပင်ဖြစ်စေ ဒီဘဝမှာတော့ တစ်ယောက်နဲ့တစ်ယောက် bond လုပ်ထားသည်ကို​တော့ ဘယ်တော့မှ ဖြတ်တောက်ပစ်လို့ရနိုင်မည် မဟုတ်။

ချူလင်းသည်လည်း ဒီကိစ္စကို ကန့်ကွက်ခြင်းမရှိပေ။ အိုမီဂါများသည် သူ့တို့ကို အမှတ်အသားပြုထားခဲ့သောအယ်ဖာများအပေါ် မှီခိုရမည်ဖြစ်ပြီး ဤသဘောသဘာဝက သူ့ကို လက်နက်ချစေခဲ့သည်။ သူ့စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေချိန်အတွင်း ဟန်ကုကို မတွေ့ဖြစ်သည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားလာရ၏။

TMAWNB ||မြန်မာဘာသာပြန်||Where stories live. Discover now