[3]

740 105 3
                                    

[Unicode]

TMAWNB [ABO] 3 - ကိုယ်က မင်းရဲ့ အယ်ဖာ။


ချူလင်းသည် ကုတင်ပေါ်တွင် ဖိထားခံ​နေရပြီး ဟန်ကု၏အနမ်းတို့ကို ခံနိုင်ရည် မရှိခဲ့​ပေ။ သူ့ အယ်ဖာရဲ့နမ်းရှိုက်မှုကို ခံနေရတာက သက်တောင့်သက်သာရှိ​စေပြီး စိတ်​ကျေနပ်စရာကောင်းနေသည့်မို့ သူ့ နှုတ်ခမ်းကို ဖွင့်ဟပြီး ပြန်မနှုတ်ဆက်ဘဲ မ​နေနိုင်။ သို့သော် သူ့ရဲ့ပင်ကိုယ်အသိစိတ်ကဖြင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုနေမြဲ။သူ သူ့ချစ်သူဟောင်းကို နှုတ်ဆက်ပြီး တခြားသူတွေနဲ့ ချက်ချင်း အိပ်ယာဝင်ရ​ရောလား။ သူအဲဒီလို မလုပ်နိုင်ပေ။

ဟန်ကုသည် ချူလင်း တွေးနေသည့်အရာကို သိသောကြောင့် သူ ဖြည်းညင်းစွာတလှည့် အထိန်းအကွပ်မရှိ အကျပ်ကိုင်ခဲ့သည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများကြား လျှာဖျားဖြင့် ထိုးဆွလိုက်ရာ နှုတ်ခမ်းပါးကို ဖြည်းညှင်းစွာ ဖွင့်ဟ​ပေးရန် လှုံ့ဆော်ခဲ့သည်။

ချူလင်းသည် အထိန်းအကွပ်မဲ့စွာ ညည်းတွားလာရသော်လည်း အလိုရမ္မက်တပ်မက်မှု မြင့်တက်လာသည်ကိုဖြင့် တွန်းလှန်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်မှာ ထင်ရှားနေသည်။

"စိတ်လျှော့လိုက်......တင်းခံမနေနဲ့..." ဟန်ကု ချူလင်း၏နှုတ်ခမ်းများကို ထိန်းချုပ်ရန် အခွင့်အရေးယူကာ ပေါ့ပေါ့ပါးပါး လျှာဖြင့် ယက်လိုက် ကိုက်လိုက်ဖြင့် နမ်းရှိုက်​နေလိုက်သည်။

"အွန်း..." ချူလင်း ခေါင်းမာမာနဲ့ ခုခံနေတုန်းပင်။ စိတ်အဟုန်နဲ့ အကြောင်းပြချက်ကြားက ထိပ်တိုက်ရင်ဆိုင်မှုကြီးက အပြင်းထန်ဆုံး လွန်ဆွဲ​နေသည်။ "မလုပ်နဲ့..."

ဟန်ကု သူ့ကို ရွေးချယ်ခွင့်မ​ပေး သို့​သော်ငြား တခြားနည်းနဲ့ ချော့မြူ​နေ၏။ "ဒါ မင်းအပြစ်မဟုတ်ပါဘူး....ကိုယ် မင်းကို အတင်းအကြပ် လုပ်ခိုင်းတာပါ"

အနှီစာကြောင်းက ထိရောက်သွားပုံရပြီး ချူလင်း အံ့အားသင့်သွားကာ ရုန်းကန်မှုကလည်း တဖြည်းဖြည်း အားနည်းလာသည်။

ဟန်ကုသည် အချစ်ကို နားမလည်သော်လည်း သစ္စာဖောက်ခြင်းကဲ့သို့သော ဤခံစားချက်ကို သူ နားလည်နိုင်သည်။ ချူလင်းဘက်က စိတ်လိုလက်ရ မလုပ်ခဲ့ရင်တောင် တစ်နည်းအားဖြင့် လင်းရွှမ်ကို သစ္စာဖောက်ခဲ့တယ်လို့ သူ ထင်မှတ်လိုက်ပြီးသားပင်။ ဒီလို မိမိကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုမျိုးက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ ဟန်ကုသည်လည်း အစပိုင်းတွင် အရာအားလုံးကို ရှောင်ဖယ်​ပေးထားလိုက်သော်လည်း ချူလင်း၏မိမိကိုယ်ကို ညှင်းပမ်း​နေမှုအတိုင်းအတာကို မြင်လိုက်ရ​သောအခါ ရှောင်ဖယ် မနေနိုင်တော့ပေ။

TMAWNB ||မြန်မာဘာသာပြန်||Where stories live. Discover now